ဂျာမဏီနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် အန်ဂလာမာကဲလ် (Angela Merkel) ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) က အရပ်သားတွေကို ချီးမြှင့်တဲ့အထဲက အမြင့်ဆုံးဆုဖြစ်တဲ့ လွတ်မြောက်မှုဆုကို အိမ်ဖြူတော် ဇွန်လ ၇ ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီဆုကို လက်ခံယူတဲ့အချိန် ပြောသွားတဲ့မိန့်ခွန်းထဲမှာတော့ ဂျာမဏီဝန်ကြီးချုပ်က လွတ်မြောက်မှုရဲ့ တန်ဖိုးကို ဘယ်လိုဖော်ညွှန်းသွားခဲ့ပါ သလဲ။ အန်ဂလာမာကဲလ်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကရော ဘယ်လိုရှိခဲ့ပါသလဲ။ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။