သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကြောင့် ရုရှားကို ဂျာမနီသတိပေး


ဂျာမနီဝန်ကြီးချုပ် Angela Merkel ဂျာမန်လွှတ်တော်တွင် ယူကရိန်းအရေးမိန့်ခွန်းပြောစဉ်။ (မတ် ၁၃၊ ၂၀၁၄)
ဂျာမနီဝန်ကြီးချုပ် Angela Merkel ဂျာမန်လွှတ်တော်တွင် ယူကရိန်းအရေးမိန့်ခွန်းပြောစဉ်။ (မတ် ၁၃၊ ၂၀၁၄)
ယူကရိန်းပဋိပက္ခနဲ့ပတ်သက်လို့ ရုရှားဖက်က လက်ရှိလုပ်ဆောင်နေတဲ့ လမ်းကြောင်းကနေ တစုံတရာ ပြောင်းလဲ လုပ်ဆောင်ခြင်းမရှိရင် ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအရ ကြီးမားတဲ့ ပျက်ဆီး ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel က ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ထည့်သွင်းဆွေးနွေးဖို့ မလိုဘူးလို့ ဂျာမန်လွှတ်တော်ကို ကြာသပတေးနေ့မှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဝန်ကြီးချုပ် မာခဲလ်က အဲဒီလို ထည့်သွင်း ပြောဆိုလိုက်တာပါ။

ယူကရိန်းနိုင်ငံ Crimea ဒေသကို ရုရှားတပ်ဖွဲ့တွေ ကျူးကျော် ဝင်ရောက်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ အနောက်အုပ်စုတွေနဲ့ ရုရှားအကြား ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်နေတာပါ။

ယူကရိန်းကိစ္စမှာ ရုရှားက ဆက်ပါနေဦးမယ်ဆိုရင် ထိုက်တန်တဲ့ အကျိုးဖြစ်ထွန်းမှုနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ Barack Obama ကလည်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

Crimea ဒေသအနေနဲ့ ယူကရိန်းကခွဲထွက်ပြီး ရုရှားနဲ့ ပေါင်းသင့် မပေါင်းသင့် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် ဆန္ဒခံယူပွဲကို လုံး၀ ကန့်ကွက်ကြောင်း ဗုဒ္ဓဟူးနေ့က ယူကရိန်း ကြားဖြတ်ဝန်ကြီးချုပ် Arseniy Yatsenyuk နဲ့ အတူ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားက ပြောလိုက်တာ ဖြစ်ပါတယ်။ သီတင်းပတ်အနဲငယ်အတွင်း တက်သုတ်ရိုက် လုပ်ဆောင်တဲ့ ဆန္ဒခံယူပွဲဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
XS
SM
MD
LG