သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျ ဂျာမန်လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင်စက် တွေ့ရှိ


ဂျာမာန်လေယာဉ်ပျက် ရှာဖွေရေးလုပ်ငန်း။ (ဧပြီ ၂၊ ၂၀၁၅)
ဂျာမာန်လေယာဉ်ပျက် ရှာဖွေရေးလုပ်ငန်း။ (ဧပြီ ၂၊ ၂၀၁၅)

ပြင်သစ်နိုင်ငံ Alps တောင်တန်းပေါ်မှာ ပျက်ကျသွားခဲ့တဲ့ Germanwings လေယာဉ် ရဲ့ ပျံသန်းမှု မှတ်တမ်းတင်စက် နောက်တလုံးကို ထပ်မံတွေ့ရှိခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပျက်ကျသွားခဲ့တဲ့ လေယာဉ်က Black box မှတ်တမ်းတင် စက် တွေ့ရှိခဲ့တာနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပပြောဆိုဖို့ ရှိတယ်လို့လည်း ပြင်သစ်အစိုးရရှေ့နေ Brice Robin က ပြောဆိုခဲ့တာပါ။

Airbus A320 လေယာဉ်က ထပ်မံတွေ့ရှိခဲ့တဲ့ မှတ်တမ်းတင်စက် မှာတော့ လေယာဉ်ပျံသန်းမှုတွေနဲ့အတူ လေယာဉ်မှူးတွေရဲ့ အမိန့်ပေး ညွှန်ကြားချက် အချက်အလက်တွေကိုလည်း မှတ်တမ်းတင် ထားတာ ဖြစ်ပါတယ်။ နောက်ဆုံး တွေ့ခဲ့တဲ့ Black box ကို အကောင်းပကတိ ပြန်ရမယ် ဆိုရင်တော့ လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ပိုပြီး သိလာကြရမှာပါ။ ပထမရှာဖွေ တွေ့ရှိထားတဲ့ အသံနဲ့ မှတ်တမ်းတင်စက်ကို စုံစမ်းစစ်ဆေးမှုတွေ အတွင်းမှာတော့ တွဲဖက်လေယာဉ်မှူးဟာ တမင်သက်သက် လေယာဉ်ကို ထိုးချခဲ့ပုံရတယ်လို့ ယူဆထားကြပါတယ်။

လူပေါင်း ၁၅၀ သေဆုံးတဲ့ လေယာဉ်ပျက်မကျခင်မှာ လေယာဉ်မှူး စက်ခန်းထဲကို ပြန်မဝင်နိုင်အောင် တွဲဖက်လေယာဉ်မှူး Andreas Lubitz က တံခါးကို ပိတ်ထားခဲ့တယ်လို့လည်း စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ထားကြတာပါ။

XS
SM
MD
LG