သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီနဲ့တရုတ် ဝန်ကြီးချုပ် ဘေဂျင်းမှာ တွေ့ဆုံ


ဂျာမန်ဝန်ကြီးချုပ် Angela Merkel (ဝဲ) နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang(ဂျူလိုင် ၇၊ ၂၀၁၄)
ဂျာမန်ဝန်ကြီးချုပ် Angela Merkel (ဝဲ) နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang(ဂျူလိုင် ၇၊ ၂၀၁၄)

တရုတ်နိုင်ငံ ဘေဂျင်းမြို့ ကို ရောက်နေတဲ့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျယ်လာ မာခယ်လ် (Angela Merkel) က တရုတ် ဝန်ကြီးချုပ် လီ ခွန်ချန်း (Li Keqiang) နဲ့ ဒီနေ့မှာ တွေ့ဆုံပါတယ်။

စီးပွားရေး ကိုယ်စားလှယ်တွေကို ဦးဆောင်လာတဲ့ ဂျာမနီခေါင်းဆောင်ဟာ တရုတ်ခေါင်းဆောင်တွေ နဲ့ စီးပွားရေး၊ နိုင်ငံရေး ဆက်သွယ်မှုတွေကို အဓိက ထား ဆက်သွယ်မယ် လို့ မျှော်လင့်ရပါတယ်။ စီချွမ် (Sichuan) ပြည်နယ်ရဲ့ မြို့တော် ချန်ဒူး (Chengdu) ကနေ မြို့တော် ဘေဂျင်းကို ဝန်ကြီးချုပ် မာခယ်လ် ဒီနေ့မှာ ရောက်လာတာပါ။ သုံးရက်ကြာ ခရီးစဉ်မှာ ဂျာမနီ စီးပွားရေး လုပ်ငန်းတွေ အတွက် အလုပ်လုပ်နိုင်မယ့် အခွင့်အရေးတွေ ရှာဖွေဖို့ အတွက် တရုတ်ပြည် အနောက်ပိုင်းမှာ တစ်ရက်ကြာလည်ပတ်ခဲ့ပါတယ်။

ဂျာမနီ ထောက်လှမ်းရေးဝန်ထမ်းတစ်ဦး က အမေရိကန်အတွက် သူလျှိုလုပ်ပေးခဲ့တယ် ဆိုတဲ့သတင်းဟာ အလွန် စိုးရိမ်စရာကောင်းတဲ့ ကိစ္စပါလို့လည်း တရုတ်နိုင်ငံရောက်နေစဉ် ဂျာမနီခေါင်းဆောင်က ပြောပါတယ်။ ဒီစွပ်စွဲချက်တွေသာမှန်ခဲ့ရင် ဒါဟာ မဟာမိတ် နိုင်ငံတွေအချင်းချင်း မယုံကြည်တဲ့သဘော ကို ပြပါတယ်လို့ ဝန်ကြီးချုပ် မာခယ်လ် (Merkel) က ဘေဂျင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါဟာ ဝန်ကြီးချုပ် မာခယ်လ်အတွက် ဝန်ကြီးချုပ် အနေနဲ့ ၇ ကြိမ်မြောက် တရုတ်ပြည်ခရီးစဉ်ဖြစ်ပါတယ်။ ဒီကနေ့ နှောင်းပိုင်းမှာ သမ္မတ ရှီကျင်းပင် (Xi Jinping) နဲ့ တွေ့ဖို့ရှိပါတယ်။ မတ်လတုန်းက မစ္စတာရှီအနေနဲ့ ဂျာမဏီကို လည်ပတ်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦး ကုန်သွယ်ရေးနဲ့ စီးပွားရေး သဘောတူညီချက်တွေ အမျိုးမျိုးကို လက်မှတ်ထိုးခဲ့ပါတယ်။

XS
SM
MD
LG