သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမဏီနဲ့ မဟာဗျူဟာ ဆက်ဆံရေး ထူထောင်ဖို့ တရုတ်လိုလား


ဂျာမဏီနဲ့ မဟာဗျူဟာ ဆက်ဆံရေး ထူထောင်ဖို့ တရုတ်လိုလား
ဂျာမဏီနဲ့ မဟာဗျူဟာ ဆက်ဆံရေး ထူထောင်ဖို့ တရုတ်လိုလား

တရုတ်နိုင်ငံဟာ ဂျာမဏီနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးတွေ တိုးတက်အောင် လုပ်ဖို့ စိတ်အားထက်သန် နေတယ်လို့ တရုတ်သမ္မတ ဟူကျင်းတောင် (Hu Jintao) က ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံကို ရောက်ရှိလာတဲ့ ဂျာမဏီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် (Angela Merkel) နဲ့ တွေ့ဆုံဆွေးနွေးပွဲ စတင်ခဲ့တဲ့ သောကြာနေ့မှာပဲ ဘေဂျင်းက မဟာခန်းမကြီးမှာ တရုတ်သမ္မတက အခုလို ပြောကြားခဲ့တာပါ။ တရုတ်နဲ့ ဂျာမဏီ နှစ်နိုင်ငံဆက်ဆံရေးဟာ စတင်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကစပြီး တဖြည်းဖြည်း မကြုံစဖူး နက်ရှိုင်းမှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြီးထွားလာခဲ့တယ်လို့ မစ္စမာခဲလ်ကို တရုတ်ခေါင်းဆောင်က ပြောကြားခဲ့ကြောင်း တရုတ်အစိုးရ Xinhua သတင်းမှာ ဖော်ပြထားပါတယ်။

မစ္စမာခဲလ် ကလည်း အလားတူပဲ ဂျာမဏီနိုင်ငံ အနေနဲ့ တရုတ်နဲ့ ဥရောပနိုင်ငံတွေရဲ့ ရှေ့လာမယ့် ဆက်ဆံရေး တိုးမြင့်လာစေဖို့ လုပ်ဆောင်ရာမှာ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်း တုံ့ပြန် ပြောကြားခဲ့ပါတယ်။

ဂျာမဏီ ဝန်ကြီးချုပ်ဟာ တရုတ်နိုင်ငံကို ၃ ရက်ကြာခရီး သွားရောက်နေတာ ဖြစ်ပါတယ်။ သူဟာ အီရန်ကို ဥရောပသမဂ္ဂက ရေနံတင်ပို့ ရောင်းဝယ်မှု တားမြစ်ကန့်သတ် ထားတာနဲ့ပတ်သက်ပြီး သမ္မတ ဟူကျင်းတောင်နဲ့ရော၊ ဝန်ကြီးချုပ် ဝမ်ကျားပေါင် နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ သြဇာ အရှိန်အဝါကို သုံးပြီး အီရန်နိုင်ငံကို နျူကလီယား လက်နက် ကိစ္စနဲ့ပတ်သက်ပြီး ရှုတ်ချပြောဆိုဖို့ ပြောခဲ့တယ်လို့ မစ္စမာခဲလ်က ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အီရန်ဆီက အဓိက ရေနံဝယ်ယူနေတဲ့ နိုင်ငံဖြစ်ပြီး အခုထိတော့ ဥရောပသမဂ္ဂရဲ့ အီရန်အပေါ် ရေနံတင်ပို့ ရောင်းဝယ်မှု ကန့်သတ်ရာမှာ ပါဝင်ဖို့ ငြင်းဆန်နေဆဲပါ။

XS
SM
MD
LG