ဂျာမဏီနိုင်ငံက ရွေးကောက်ပွဲမှာ အစောပိုင်းရလဒ်တွေအရ ဝန်ကြီးချုပ် Angela Merkel ဟာ တတိယအကြိမ် သက်တမ်းကို ဆက်လက် တာဝန်ယူရဖွယ် ရှိနေပါတယ်။
မဲရလဒ်တွေအရ သူဦးဆောင်တဲ့ ရှေးရိုးစွဲ Conservatives တွေအနေနဲ့ လွှတ်တော်မှာ အများစုနေရာရမယ့် အလားအလာတွေလည်း ထွက်ပေါ်နေတာပါ။ ဂျာမဏီနိုင်ငံက ARD နဲ့ ZDF ရုပ်မြင်သံကြား စစ်တမ်းအရ ဝန်ကြီးချုပ်ရဲ့ Christians Democrats တွေက မဲအားလုံးရဲ့ ၄၂ % ကျော် ရရှိခဲ့တဲ့အတွက် အားလုံး ပေါင်းရင်တောင်မှ လွှတ်တော်မှာ နေရာရရုံလောက်သာရှိတဲ့ အတိုက်အခံပါတီတွေထက် အပြတ်အသတ် အသာရခဲ့တာလည်း ဖြစ်ပါတယ်။
မဲရလဒ်တွေကို အတည်ပြုနိုင်ပြီဆိုရင်တော့ ဝန်ကြီးချုပ်ရဲ့ရှေးရိုးစွဲအုပ်စုဖြစ်တဲ့ Christian Democratic Union နဲ့ Bavarian Christian Social Union တို့ဟာ မဟာမိတ်ညွန့်ပေါင်း မလိုဘဲနဲ့ အစိုးရဖွဲ့နိုင်တော့မှာပါ။ ဝန်ကြီးချုပ်ရဲ့ အဓိကစိန်ခေါ်ဘက်ဖြစ်တဲ့ အလယ်လက်ဝဲယိမ်းဝါဒီ Peer Steinbrueck ရဲ့ ဆိုရှယ်ဒီမိုကရက် ပါတီကတော့ မဲအားလုံးရဲ့ ၂၆.၅% နဲ့ ပြတ်ကျန်ခဲ့ပါတယ်။
အကြိုရလဒ်တွေအရ ဝန်ကြီးချုပ်ရဲ့ ညွန့်ပေါင်းပါတီတခုဖြစ်တဲ့ စီးပွားရေး ဦးစားပေးပါတီ Free Democrats ကတော့ မဲအရေအတွက် ၄.၇% သာ ရခဲ့တာကြောင့် လွှတ်တော်တွင်းမှာ အနည်းဆုံး ကိုယ်စားလှယ် ၅% ရှိရမယ့် သတ်မှတ်ချက်ကို မပြည့်မီပဲ ဖြစ်ခဲ့ရတာပါ။ အဖွဲ့ဝင် ၁၇ နိုင်ငံ ပါဝင်တဲ့ ယူရိုဇုန်ကို စနစ်တကျ ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းနေတဲ့ နိုင်ငံရေး ပါတီသစ်ဖြစ်တဲ့ Alternative for Germany ကလည်း ၄.၉% သာ ရခဲ့တဲ့အတွက် လွှတ်တော်မှာ ပါဝင်ခွင့်ရနိုင်ရေး မရေမရာ ဖြစ်နေပါတယ်။