မြန်မာနိုင်ငံကိုသုံးရက်ကြာ ရောက်နေတဲ့ ဂျာမနီသမ္မတ Joachim Gauck ဟာ သမ္မတဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီကနေ့နေပြည်တော်မှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့အပါအဝင် ဂျာမနီက မြန်မာကို ချေးထားတဲ့ အကြွေးစုစုပေါင်းထဲက ၅၀%ကို လျှော်ပစ်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ အကြောင်း မြန်မာအစိုးရ ပြောခွင့်ရသူက ဗီအိုအေကိုပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကတင်ပြပေးထားပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ ဂျာမနီ သမ္မတဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ နှစ်ဘက်ခေါင်းဆောင်နှစ်ဦးတွေ့ဆုံချိန်မှာ အသိအမှတ်ပြု ထုတ်ဖေါ်ပြောဆိုခဲ့တဲ့ အပြင် မြန်မာနိုင်ငံက တင်ရှိနေတဲ့ အကြွေး ၅၀ % ကို လျှော်ပစ်ဖို့ သဘောတူ လက်မှတ် ရေးထိုးခဲ့တဲ့အကြောင်း ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကိုပြောပါတယ်။
“ကျနော်တို့နိုင်ငံရဲ့အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့မှ သူတို့ အသိအမှတ်ပြုတယ်၊ ချီးကျူးတယ်။ နောက်ပြီးတော့ သူတို့ သိချင်တဲ့အခြေအနေလေးတွေ မေးပါတယ်။ သမ္မတကြီးကလည်း ကျနော်တို့လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေရဲ့ ရလဒ်ကောင်းတွေကို ရှင်းပြသလို ကြုံရတဲ့စိန်ခေါ်မှုတွေအကြောင်းလည်း ကျနော်တို့ရှင်းပြပါတယ်။ နောက်တစ်ခုကတော့ ဂျာမဏီနိုင်ငံက ကျနော်တို့နိုင်ငံက တင်ရှိနေတဲ့ ကြွေးမြီထဲက ၅၀ % ကို လျှော်ပစ်ပြီးတော့မှ ကျန်တဲ့ ၅၀ % ကိုတော့ ပြန်လည်ပေးဆပ်မယ့်အစီအစဉ်ကို ပြန်လည်ပြင်ဆင်သတ်မှတ်တဲ့ စာချုပ်ကို ကျနော်တို့ လက်မှတ်ထိုးပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံတွင်း အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းတွေအတွက် ဂျာမနီက တိုးမြှင့်ကူညီသွားမယ့်နည်းလမ်းတွေကို ဆွေးနွေး သဘော တူညီခဲ့ကြတယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။ အခုလို ဂျာမနီသမ္မတရဲ့ ခရီးစဉ်ဟာ မြန်မာအတွက် အရေးပါတာကြောင့် အနာဂတ်မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဂျာမနီအပါအဝင် ဥရောပသမဂ္ဂရဲ့ကူညီပံ့ပိုးမှုကို ရနိုင်မယ်လို့ မြန်မာအစိုးရက မျှော်လင့်ကြောင်း ဦးရဲထွဋ်က ပြောပါတယ်။
“ကျနော်တို့ကတော့ ဒီခရီးစဉ်တွေပေါ့နော်၊ ဂျာမန်ဝန်ကြီးချုပ်ရော၊ ရှေ့မှာလာခဲ့တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေရောရဲ့ ခရီးစဉ်တွေကြောင့် ကျနော်တို့နဲ့ ဥရောပသမဂ္ဂရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ပိုပြီးတော့ ကောင်းမွန်လာမယ်။ နောက်ပြီး ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်မှာ ပိုပြီးတော့မှ ဥရောပသမဂ္ဂက တက်တက်ကြွကြွပါဝင်လာနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”
သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံပြီးတဲ့နောက်မှာ ဂျာမနီသမ္မတ Joachim Gauck ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော်မှာ သီးခြားမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့တယ်လို့ ပါဝင်တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ပြောပါတယ်။
“ကျနော်တို့ ဒီနေ့ သမ္မတကြီးနဲ့တွေ့တဲ့အခါကျတော့ ကျနော်တို့ဆီက အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးတာရှိတယ်။ သမ္မတကြီးကလည်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ သူ့ရဲ့သဘောထားတွေကို ဆွေးနွေးကြပါတယ်။ ကျနော်တို့ အန်တီစုစုလွင် သုံးခွ လွှတ်တော် ကိုယ်စားလှယ်ရယ်။ ဦးမင်းဦး၊ ကျနော်-နိုင်ငံလင်းတို့ သွားကြပါတယ်။ နွေးနွေးထွေးထွေးပါခင်ဗျ။ ပွင့်ပွင့်လင်းလင်းပဲ အမေ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ဆွေးနွေးတာ ကျနော်တို့ တွေ့ရပါတယ်ခင်ဗျ။”
ဒါ့အပြင် ဂျာမနီသမ္မတဟာ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်ကို သွားရောက်ပြီး လွှတ်တော်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
တနင်္ဂနွေနေ့က ရောက်ရှိလာတဲ့ဂျာမနီ သမ္မတနဲ့အတူ အစိုးရဝန်ကြီး အဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ စီးပွားရေးခေါင်းဆောင်တွေလည်း လိုက်ပါလာပြီး ဂျာမနီ - မြန်မာ စီးပွားရေးဖိုရမ်ကိုလည်း တက်ရောက်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ၁၉၈၆ ခုနှစ်ကနောက်ပိုင်းပြီးရင် ဂျာမနီသမ္မတ Joachim Gauck ရဲ့ ခရီးစဉ်ဟာ ပထမဆုံး ဂျာမနီနိုင်ငံ ထိပ်တန်းခေါင်းဆောင်တဦးရဲ့ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ် ဖြစ်ပါတယ်။