သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မြောက်ပိုင်း ရေဘေး ယူရိုသိန်း ၁၀၀ ဂျာမနီ လှူဒန်း

ရေဘေးဒုက္ခသည်များ။
1/11 ရေဘေးဒုက္ခသည်များ။
အသေးစိတ် ဖတ်ရှုရန် Show less
ရေဘေးဒုက္ခသည်များ။
2/11 ရေဘေးဒုက္ခသည်များ။
အသေးစိတ် ဖတ်ရှုရန် Show less
ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ။
3/11 ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ။
အသေးစိတ် ဖတ်ရှုရန် Show less
ကူညီကယ်ဆယ်ရေးလိုအပ်ဆဲ။
4/11 ကူညီကယ်ဆယ်ရေးလိုအပ်ဆဲ။
အသေးစိတ် ဖတ်ရှုရန် Show less
အရေးပေါ်အခြေအနေကြေညာ
5/11 အရေးပေါ်အခြေအနေကြေညာ
အသေးစိတ် ဖတ်ရှုရန် Show less
အိမ်ပြိုကျတဲ့အထိ ရေကြီး။
6/11 အိမ်ပြိုကျတဲ့အထိ ရေကြီး။
အသေးစိတ် ဖတ်ရှုရန် Show less
အရေးပေါ်ကူညီကယ်ဆယ်ရေးလိုအပ်
7/11 အရေးပေါ်ကူညီကယ်ဆယ်ရေးလိုအပ်
အသေးစိတ် ဖတ်ရှုရန် Show less
ရေဘေးဒုက္ခသည်များ။
8/11 ရေဘေးဒုက္ခသည်များ။
အသေးစိတ် ဖတ်ရှုရန် Show less
People row their canoes on a flooded street at a village in Kawlin township, Sagaing division
9/11 People row their canoes on a flooded street at a village in Kawlin township, Sagaing division
အသေးစိတ် ဖတ်ရှုရန် Show less
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရေကြီး။ သတင်းဓာတ်ပုံ MOI
10/11 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရေကြီး။ သတင်းဓာတ်ပုံ MOI
အသေးစိတ် ဖတ်ရှုရန် Show less
သက်ကြီးရွယ်အိုများကို ပြောင်းရွှေ့နေရာချထား
11/11 သက်ကြီးရွယ်အိုများကို ပြောင်းရွှေ့နေရာချထား
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ပြီးခဲ့တဲ့ နှစ်ထဲ ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည် မြောက်ပိုင်း ကလေးဒေသကို အကူအညီပေးဖို့ ဂျာမနီအစိုးရက ယူရိုသိန်း ၁၀၀ ထပ်မံ လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကလေးဒေသတွင်းမှာရှိတဲ့ ကျေးလက် ဒေသ ၃၂ ရွာရဲ့ လမ်းပန်း ဆက်သွယ်ရေးအတွက် တံတားတွေနဲ့ လမ်းတွေကို ဒီငွေနဲ့ တည်ဆောက် သွားမှာဖြစ်ပါတယ်။

နောက်အစိုးရသစ်လက်ထက်မှာ မြန်မာပြည်တွင်းက အကူအညီလိုတဲ့ နေရာတွေကို ဆွေးနွေးပြီး ဆက်လက်ကူညီသွားဖို့ ညိုနှိုင်းသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ် Christian Ludwig က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ နှစ် ဇူလိုင်လလယ်ကတည်းက စခဲ့တဲ့ မိုးကြီးရေလျှံမှုတွေကြောင့် ရေဘေးအန္တရာယ် ဆိုးဆိုးဝါးဝါး ခံခဲ့ရတဲ့ မြန်မာပြည်မြောက်ပိုင်း ဒေသတွေကို ဂျာမနီအစိုးရအနေနဲ့ ယူရို သိန်း ၁၀၀ ထပ်မံလှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။ ရေဘေးအန္တရယ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ နေရာအဖြစ် ကလေးဒေသကို အစိုးရတာဝန်ရှိတဲ့ သူတွေက ထောက်ပြတာကြောင့် ဒီဒေသတစ်ဝိုက်ကိုပဲ အကျိုးရှိအောင် ထိထိရောက်ရောက် ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီ သံအမတ်ကြီး Christian Ludwig က ဗွီအိုအေကို ပြောပါတယ်။

“ကျွန်တော်တို့တွေဟာ အစိုးရနဲ့ ပူးပေါင်းတိုင်ပင်ပြီး မွေးမြုရေး ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနနဲ့ အတူလက်တွဲလုပ်ဆောင်တဲ့ အခါမှာ သူတို့ အကြံပြုတာက ကလေးဒေသ တစ်ဝိုက်ကိုပါ။ ပြီးခဲ့တဲ့ နှစ်ထဲ ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ တိုင်းနဲ့ ပြည်နယ် အများစုရှိပေမယ့်ကလေးဒေသဟာ ရေဘေးဒဏ်ကို အဆိုးရွားဆုံး ဒေသတစ်ခုဖြစ်တယ်လို့လည်း အစိုးရက အကြံပေး ထောက်ပြ တာကြောင့် ကျွန်တော်တို့အဖွဲ့ဝင်တွေကိုစေလွှတ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေနဲ့ နည်းပညာပိုင်း အကူအညီပေးတဲ့ KFW ဖွံ့ဖြိုးရေးဘဏ်တို့ဟာ ဒီဒေသ ဝန်းကျင်မှာ လေ့လာ ဆန်းစစ်ပြီး ကျွန်တော်တို့ရဲ့ ပထမအစီအစဉ်ကို လုပ်ဆောင်ဖို့ အတည်ပြုခဲ့တာပါ။ တကယ့်တော့ အဲဒီ့ဒေသတစ်ဝိုက်မှာ လမ်းတံတား အပျက်အဆီး အတော်လေးများတာကို တွေ့မြင်ခဲ့ရတာကြောင့် ကျွန်တော်တို့တွေဟာ ဒေသခံပြည်သူတွေအတွက် ကောင်းမွန်တဲ့ လူနေမှုဘဝ အတွက် ကူညီပေးဖို့ပါ။ ကျွန်တော်တို့တွေဟာ တစ်နိုင်ငံလုံးကို အကူအညီမပေးနိုင်ပေမယ့်လို့ ဒေသတစ်ခုကိုပဲ ဦးတည်ထားလိုက်ရင် အဲဒီ့နေရာအတွက် အတော်များများ အကျိုးရှိအောင် ထိထိရောက်ရောက် ကူညီနိုင်မှာလည်း ဖြစ်ပါတယ်။”

ဒီထောက်ပံငွေတွေကို ကလေးဒေသတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် တံတားတွေနဲ့ လမ်းတွေ တည်ဆောက် သွားမယ်လို့ သူက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ရဲ့အကူအညီတွေဟာ ရေဘေးသင့်ပြည်သူ ၆ သောင်းကျော်တွေအတွက် ပုံမှန်အခြေအနေ လည်ပတ်နိုင်အောင် အထောက်အကူဖြစ်စေခဲ့ပါတယ်။ ခင်ဗျားတို့တစ်တွေကို ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်ကောက်ခံရမယ်ဆိုရင် ခင်ဗျားတို့ရဲ့လယ်ယာထွက် ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားခြင်း မရနိုင်သလို့ တခြားနေရာတွေကိုလည်း လွယ်လင့်တကူ သွားနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ခင်ဗျားတို့ရဲ့ကလေးတွေကို စာသင်ကျောင်းတွေဆီ ပို့နိုင်မှာလည်း မဟုတ်ပါဘူး။ နေထိုင်မကောင်းတဲ့ သူတွေကိုလည်း ဆေးရုံဆေးခန်းတွေကို ပို့ပေးဖို့ ခဲယဉ်းနိုင်ပါတယ်။ ဒါကြောင့်မလို့ ဒေသရဲ့အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လမ်းပန်း ဆက်သွယ်ရေးကို ဖန်တီးပေးတာဟာ တကယ့်ကို အရေးပါတဲ့ အခန်းကဏ္ဍ တွေပဲဖြစ်ပါတယ်။”

ဒါ့အပြင် တခြား ရေဘေးသင့်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ဒေသတွေကိုလည်း အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့ ရန်ပုံငွေ ရာထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနဲ့ ဂျာမနီ နှစ်နိုင်ငံကြား ဆင်းရဲမွဲတေမှု လျော့ချနိုင်ရေးဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့ အဓိက ဦးစားပေးကဏ္ဍ တစ်ခုဖြစ်တာကြောင့် အစိုးရသစ်လက်ထက်မှာလည်း ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။

“ရွေးကောက်ပွဲ အနိုင်ရ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အနာဂတ်မှာ သူမအနေနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကထား လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အစိုးရသစ်လက်ထက်မှာ ကျွန်တော်တို့အနေနဲ့ အစိုးရ တာဝန်ရှိသူတွေသာသိတဲ့ မြန်မာပြည်ရဲ့ ဘယ်နေရာတွေမှာ ဆင်းရဲမွဲတေနေသလဲဆိုတာကို ဆွေးနွေးပြီး အဲဒီ့နေရာတွေမှာ ကျွန်တော်တို့တွေ ဘယ်လိုကူညီနိုင်မလဲဆိုတာ ညိုနိုင်းချင်ပါတယ်။”

၂၀၁၅ ခုနှစ်က မိုးကြီးရေလျှံမှုတွေကြောင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ရေဘေးသင့်ခဲ့ပြီး လယ်မြေဧက ၇ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့တာပါ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ လက်ရှိ သမ္မတဦးသိန်းစိန်ကနေ အရေးပေါ်အခြေအနေ ကြေညာပြီး ပြည်တွင်းကော နိုင်ငံတကာ အကူအညီတွေကိုပါ တရားဝင် လက်ခံခဲ့ပါတယ်။ အစိုးရအနေနဲ့လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ပြည်ထောင်စု သီးသန့်ရန်ပုံငွေထဲက ကျပ်သန်းပေါင်း ၂၄ ဘီလီယံ ကို ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုထားပါတယ်။

​
XS
SM
MD
LG