သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု အန္တရာယ်ကြောင့် ဂျာမဏီ လုံခြုံရေးတင်းကျပ်


အကြမ်းဖက်မှု အန္တရာယ်ကြောင့် ဂျာမဏီ လုံခြုံရေးတင်းကျပ်

ဂျာမဏီနိုင်ငံမှာ နိုဝင်ဘာလကုန် အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ လက္ခဏာတွေကို အခိုင်အမာ ရရှိထားကြောင်း ပြောဆိုခဲ့ပြီးတဲ့နောက် လေဆိပ်နဲ့ ရထားဘူတာတွေရဲ့ အနီးအနား တ၀ိုက်မှာ လုံခြုံရေးတွေကို တိုးမြှင့်လိုက်ပါတယ်။

ဂျာမန်ထောက်လှမ်းရေးနဲ့ နိုင်ငံတကာက မဟာမိတ်တွေဆီက သတင်းတွေ ရရှိခဲ့တဲ့နောက် အခုလို လုံခြုံရေး အစီအမံတွေကို ဆောင်ရွက်ရတာ ဖြစ်တဲ့အကြောင်း ဘာလင်မြို့မှာ ဂျာမန် ပြည်ထဲရေးဝန်ကြီး သောမတ်စ် ဒီ မိုင်ဇီရဲ (Thomas de Maiziere) က ပြောဆိုလိုက်တာပါ။

ယီမင်နိုင်ငံက စာအိတ်ဗုံးတွေ ပေးပို့တာကို မကြာသေးခင်ကပဲ ကြားဖြတ် ထောက်လှမ်း တွေ့ရှိခဲ့တာ၊ အစ္စလာမ် အစွန်းရောက်တွေ ဂျာမဏီနိုင်ငံကို တိုက်ခိုက်ဖို့ ဆက်တိုက်ဆိုသလို ကြိုးပမ်းမှုတွေ ရှိနေတာတွေကို ပြည်ထဲရေးဝန်ကြီးက ထောက်ပြ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ခိုက်ခံရနိုင်ဖွယ်ရှိတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြန် ပြောဆိုခြင်းတော့ မရှိပါဘူး။ ဒါပေမဲ့လည်း ပြည်ထဲရေး ၀န်ကြီးကတော့ စိုးရိမ်စရာ အခြေအနေတွေ ရှိပေမဲ့လည်း ထိတ်လန့်တကြား ဖြစ်စရာ အကြောင်းတော့ မရှိဘူးလို့လည်း ပြောခဲ့တာပါ။

ဝန်ကြီးချုပ် အန်ဂျလာ မာခဲလ် (Angela Merkel) ရဲ့ ပြောခွင့်ရသူကလည်း အလားတူ နှစ်သိမ့်စကား ပြောဆိုခဲ့သလို ၀န်ကြီးချုပ်ရဲ့ အစီအစဉ်တွေကို အပြောင်းအလဲ ဘာမှ မရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျာမန်နိုင်ငံသားတွေ ကြောက်လန့်တကြားဖြစ်အောင် လုပ်ခွင့်ရမယ်ဆိုရင် အကြမ်းဖက်သမားတွေကို ဈေးပေါပေါနဲ့ အနိုင်ပေးရာ ရောက်လိမ့်မယ် ဆိုပြီးတော့လည်း ပြောခွင့်ရသူက ဆိုခဲ့တာပါ။

XS
SM
MD
LG