အာဖရိကတိုက် နမီးဘီးယားနိုင်ငံရဲ့ မြို့တော် ၀င်းဒ်ဟော့ခ် (Windhoek) မြို့ကနေ မြူးနစ်မြို့ကို ပျံသန်းမယ့် ခရီးသည်တင် Air Berlin လေယာဉ်ပေါ်ကို တင်မယ့် မသင်္ကာဖွယ်ရာ ခရီးဆောင်သေတ္တာ တလုံးကို ဒီနေ့ တွေ့ရှိခဲ့ရတယ်လို့ ဂျာမဏီနိုင်ငံ အာဏာပိုင်တွေက ပြောဆိုပါတယ်။
အဲဒီ ခရီးဆောင် သေတ္တာထဲမှာ ဓာတ်ခဲတွေနဲ့ ဆက်သွယ်ထားတဲ့ ၀ါယာကြိုးတွေနဲ့ နာရီတလုံးကို ဓာတ်မှန်နဲ့ စစ်ဆေးရာမှာ တွေ့ရှိခဲ့တဲ့အကြောင်း လေယာဉ်ပေါ် အဲဒီသေတ္တာ မတင်ခင် တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသေတ္တာကို ကုန်စည်ထဲက ဖယ်ထုတ်ခဲ့ပြီး လေယာဉ်ဟာ မြူးနစ်မြို့ကို ဆက်လက် ပျံသန်းခဲ့ပါတယ်။
ဂျာမဏီနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မယ့် အန္တရာယ် အလားအလာ ရှိတာကြောင့် သတိပေးချက် ထုတ်ပြန်ထားပြီး တရက်အကြာမှာ အခုလို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။