ဂ်ာမဏီဟာ အေနာက္မဟာမိတ္ႏိုင္ငံေတြနဲ႔ သေဘာထားကြဲလာေနတယ္လို႔ ဥေရာပမဟာမိတ္ႏိုင္ငံတခ်ိဳ႕နဲ႔ အေမရိကန္က စေဝဖန္လာခ်ိန္မွာပဲ ႐ုရွားဟာ ယူကရိန္းကို စစ္ေရးအရ ၿခိမ္းေျခာက္ေနတယ္ဆိုတဲ့ အျမင္ကို ဂ်ာမဏီက လက္ခံပုံမရဘူးလို႔ သံတမန္ေတြနဲ႔ သုံးသပ္သူေတြက ေျပာပါတယ္။
႐ုရွားသမၼတ Vladimir Putin က ယူကရိန္းကို ဝင္ေရာက္က်ဴးေက်ာ္ဖို႔ အမိန႔္ေပးလာရင္ ႀကီးမားတဲ့အက်ိဳးဆက္နဲ႔ ရင္ဆိုင္ရမယ္လို႔ အေနာက္ႏိုင္ငံေတြရဲ႕ သတိေပးခ်က္မွာ ဂ်ာမဏီဝန္ႀကီးခ်ဳပ္အသစ္ Olaf Scholz ပါ ပါဝင္ေျပာၾကားခဲ့တာပါ။ ဒါေပမယ့္ ယူကရိန္းအတြက္ စစ္ေရးအကူညီေပးဖို႔ ယူကရိန္းရဲ႕ ပန္ၾကားခ်က္ကိုေတာ့ ဂ်ာမဏီက ျငင္းဆိုခဲ့တဲ့ အတြက ္ယူကရိန္းက စိတ္ပ်က္ေၾကာင္းေျပာပါတယ္။
ဝန္ႀကီးခ်ဳပ္ Olaf က ေဘာလတစ္ပင္လယ္ေကြ႕ ႏိုင္ငံေတြျဖစ္တဲ့ Latvia, Estonia နဲ႔ Lithuania ႏိုင္ငံေတြကေန ဂ်ာမဏီလုပ္စစ္လက္နက္ေတြ ယူကရိန္းကို မပို႔ဖို႔ တားျမစ္ခဲ့ပါတယ္။
ဂ်ာမဏီေရတပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး Kay-Achim Schönbach ကလည္း အေနာက္ႏိုင္ငံေတြက ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မွာ ေၾကာက္ေနတာဟာ အဓိပၸါယ္မရွိဘူးလို႔ စေနေန႔က ေျပာၾကားခဲ့သလို ႐ုရွားသမၼတက သူ႔ေတာင္းဆိုမႈကိုအေလးထားဖို႔ ေျပာေနတာကို ျဖည့္တင္းသင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဂ်ာမဏီကာကြယ္ေရးဝန္ႀကီးက ဒီေျပာၾကားခ်က္ကို ခ်က္ခ်င္းပဲ ရႈတ္ခ်ခဲ့သလို ေရတပ္ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးကလည္း ခ်က္ကလည္း ခ်က္ျခင္းပဲ ႏႈတ္ထြက္သြားခဲ့တာျဖစ္ပါတယ္။
---------------------------
ရုရှားရဲ့အန္တရယ် အပေါ် ဂျာမနီရဲ့ ကွဲလွဲတဲ့အမြင်
ဂျာမဏီဟာ အနောက်မဟာမိတ်နိုင်ငံတွေနဲ့ သဘောထားကွဲလာနေတယ်လို့ ဥရောပမဟာမိတ်နိုင်ငံတချို့နဲ့ အမေရိကန်က စဝေဖန်လာချိန်မှာပဲ ရုရှားဟာ ယူကရိန်းကို စစ်ရေးအရ ခြိမ်းခြောက်နေတယ်ဆိုတဲ့ အမြင်ကို ဂျာမဏီက လက်ခံပုံမရဘူးလို့ သံတမန်တွေနဲ့ သုံးသပ်သူတွေက ပြောပါတယ်။
ရုရှားသမ္မတ Vladimir Putin က ယူကရိန်းကို ဝင်ရောက်ကျူးကျော်ဖို့ အမိန့်ပေးလာရင် ကြီးမားတဲ့အကျိုးဆက်နဲ့ ရင်ဆိုင်ရမယ်လို့ အနောက်နိုင်ငံတွေရဲ့ သတိပေးချက်မှာ ဂျာမဏီဝန်ကြီးချုပ်အသစ် Olaf Scholz ပါ ပါဝင်ပြောကြားခဲ့တာပါ။ ဒါပေမယ့် ယူကရိန်းအတွက် စစ်ရေးအကူညီပေးဖို့ ယူကရိန်းရဲ့ ပန်ကြားချက်ကိုတော့ ဂျာမဏီက ငြင်းဆိုခဲ့တဲ့ အတွက ်ယူကရိန်းက စိတ်ပျက်ကြောင်းပြောပါတယ်။
ဝန်ကြီးချုပ် Olaf က ဘောလတစ်ပင်လယ်ကွေ့ နိုင်ငံတွေဖြစ်တဲ့ Latvia, Estonia နဲ့ Lithuania နိုင်ငံတွေကနေ ဂျာမဏီလုပ်စစ်လက်နက်တွေ ယူကရိန်းကို မပို့ဖို့ တားမြစ်ခဲ့ပါတယ်။
ဂျာမဏီရေတပ် ဒုတိယဗိုလ်ချုပ်ကြီး Kay-Achim Schönbach ကလည်း အနောက်နိုင်ငံတွေက ယူကရိန်းကို ရုရှားကျူးကျော်မှာ ကြောက်နေတာဟာ အဓိပ္ပါယ်မရှိဘူးလို့ စနေနေ့က ပြောကြားခဲ့သလို ရုရှားသမ္မတက သူ့တောင်းဆိုမှုကိုအလေးထားဖို့ ပြောနေတာကို ဖြည့်တင်းသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂျာမဏီကာကွယ်ရေးဝန်ကြီးက ဒီပြောကြားချက်ကို ချက်ချင်းပဲ ရှုတ်ချခဲ့သလို ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီးကလည်း ချက်ကလည်း ချက်ခြင်းပဲ နှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။