သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်ဘီးပြိုင်ပွဲ တိုက်ခိုက်မယ့် အစွန်းရောက် ဂျာမနီ ဖမ်းဆီး


ဂျာမနီ လုံခြုံရေးတင်းကျပ် ။ (ဧပြီ ၃၀၊ ၂၀၁၅)
ဂျာမနီ လုံခြုံရေးတင်းကျပ် ။ (ဧပြီ ၃၀၊ ၂၀၁၅)

ဂျာမနီနိုင်ငံမှာ မေဒေးနေ့ ဒီကနေ့မှာကျင်းပမယ့် ထင်ရှားတဲ့ စက်ဘီးစီးပြိုင်ပွဲတခုကို တိုက်ခိုက်မယ့် အစ္စလာမ် အစွန်းရောက်ဝါဒီ တွေရဲ့အကြံအစည်ဆိုတာကို ဟန့်တား လိုက်နိုင်တယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာပြောပါတယ်။
တူရကီနွယ်ဖွား ဂျာမန်နိုင်ငံသားနဲ့ သူ့ရဲ့ဇနီးဖြစ်သူ တူရကီနိုင်ငံသူတို့ကို ဖရန့်ဖွတ်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေ လုပ်လို့ရတဲ့ ဓာတုပစ္စည်း အများအပြားကို အမျိုးသား တဦးက ထူးထူးခြားခြား လာဝယ်သွားတဲ့ အကြောင်း ကုန်မာဆိုင်တခုရဲ့ အလုပ်သမားက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ အဲဒီဇနီးမောင်နှံရဲ့ အိမ်ကို ရဲတပ်ဖွဲ့က စီးနင်းဝင်ရောက်ပြီး ရှာဖွေတာမှာ လက်နက်တွေနဲ့ ဗုံးလုပ်တဲ့ပစ္စည်းတွေကို တွေ့ခဲ့ရပါတယ်။

လူထောင်ပေါင်းများစွာလာမယ့် ဖရန့်ဖွတ်မြို့က နှစ်ပတ်လည် စက်ဘီးစီးပြိုင်ပွဲကို ဗုံးခွဲတိုက်ခိုက်ဖို့ အဲဒီ ဇနီးမောင်နှံက ကြံစည်ခဲ့ပုံ ရတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ပါတယ်။ ဒီလိုဖမ်းဆီးလိုက်ပေမဲ့လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီကနေ့ စက်ဘီးစီးပြိုင်ပွဲကို တာဝန်ရှိသူတွေက ပယ်ဖျက်လိုက်ပါတယ်။

XS
SM
MD
LG