သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အာရှ ယဉ်ကျေးမှုဖလှယ်ပွဲ မြန်မာတွေပါ တက်ရောက် 


အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် George Mason University (ဂျော့မေစင်တက္ကသိုလ်) က ယဉ်ကျေးမှုဌာနမှာ စနေနေနေ့ညနေပိုင်းက ပြုလုပ်တဲ့ အာရှယဉ်ကျေးမှုပြပွဲ (ခင်မောင်စိုးမင်း/မေ ၆၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် George Mason University (ဂျော့မေစင်တက္ကသိုလ်) က ယဉ်ကျေးမှုဌာနမှာ စနေနေနေ့ညနေပိုင်းက ပြုလုပ်တဲ့ အာရှယဉ်ကျေးမှုပြပွဲ (ခင်မောင်စိုးမင်း/မေ ၆၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် George Mason University (ဂျော့မေစင်တက္ကသိုလ်) က ယဉ်ကျေးမှုဌာနမှာ စနေနေနေ့ညနေပိုင်းက ပြုလုပ်တဲ့ အာရှယဉ်ကျေးမှုပြပွဲကို အဝေးရောက်မြန်မာတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီပွဲကို ဦးဆောင်တက်ရောက်တက်ရောက်ခဲ့တဲ့ ဒေါ်စန္ဒာခင်က အခုလိုပြောပြပါတယ်။
"ကျမတို့ အခု ဒီနေ့ ဒီရက်မှာ Asian Pacific Heritage Month မှာပါဝင်တယ်ဆိုတာကို အင်မတန် ကျမတို့ ဂုဏ်ယူပါတယ်၊ ဝမ်းသာပါတယ်။ ဗမာတယောက်အနေနဲ့ပေါ့နော်၊ မြန်မာက ကမ္ဘာကိုသိအောင်ဆိုပြီးတော့ ကျမတို့ဒီလိုမျိုး ပါဝင်နိုင်တာတခုက အင်မတန်မှ ကျမတို့အတွက်ကို တန်ဖိုးလည်းရှိတယ်၊ ဝမ်းလည်းဝမ်းသာပါတယ်။ George Mason University ကို ကျမ ကျေးဇူးအထူးတင်ပါတယ်၊ နောက်ပြီးတော့ သူတို့ရဲ့ Music Department ကိုလည်း ကျေးဇူးတင်ပါတယ်။"

အာရှနွယ်ဖွားအမေရိကန်တွေ၊ ဟာဝိုင်အီနဲ့ပစ္စဖိတ်ကျွန်းသားဒေသခံတွေရဲ့ ရှေးဟောင်းရိုးရာယဉ်ကျေးမှုလအဖြစ် သတ်မှတ်ထားတဲ့ ဒီမေလထဲမှာ အခုလိုကျင်းပတာဖြစ်ပါတယ်။

ဗာဂျီးနီးယား၊ ဝါရှင်တန်၊ မယ်ရီလန်း စတဲ့ဒေသတွင်းက တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်ဝမ်၊ တိဘက်၊ ကိုရီးယား စတဲ့အာရှတိုက်သားတွေပါဝင်တက်ရောက်ခဲ့ပြီး ရိုးရာယဉ်ကျေးမှုအက၊ သီချင်း၊ ဂီတ၊ ဝတ်စားဆင်ယင်မှု၊ အစားအစာ စတာတွေနဲ့ တင်ဆက်ဧည့်ခံကျွေးမွေးပါတယ်။

ဒေသတွင်းက အဝေးရောက် မြန်မာတွေလည်း ဒီပွဲကိုပါဝင်ဆင်နွှဲခဲ့ပါတယ်။ မြန်မာပြည်က တိုင်းရင်းသားဝတ်စုံတွေ ဝတ်ဆင်ပြီး ရိုးရာအကတွေကိုတင်ဆက်ခဲ့သလို မြန်မာအစားစာတွေနဲ့လည်း တည်ခင်းဧည့်ခံခဲ့ပါတယ်။

ကန်အာရှ ယဉ်ကျေးမှုဖလှယ်ပွဲ မြန်မာတွေပါ တက်ရောက်
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG