သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဂျီယာပြည်နယ် အထက်တန်းကျောင်းပစ်ခတ်မှု ၄ ဦးသေဆုံး


ဂျော်ဂျီယာပြည်နယ်၊ Winder အထက်တန်းကျောင်းတွင်း ပစ်ခတ်မှုကြောင့် ကျောင်းတွင်းကို ရဲတပ်ဖွဲ့ဝင်တွေ ရှင်းလင်းနေစဥ် ကျောင်းသားတွေကို ဘောလုံးကွင်းထဲ စုစည်းစောင့်ရှောက်ပေးထားတဲ့မြင်ကွင်း။ (စက်တင်ဘာ ၄၊ ၂၀၂၄)
ဂျော်ဂျီယာပြည်နယ်၊ Winder အထက်တန်းကျောင်းတွင်း ပစ်ခတ်မှုကြောင့် ကျောင်းတွင်းကို ရဲတပ်ဖွဲ့ဝင်တွေ ရှင်းလင်းနေစဥ် ကျောင်းသားတွေကို ဘောလုံးကွင်းထဲ စုစည်းစောင့်ရှောက်ပေးထားတဲ့မြင်ကွင်း။ (စက်တင်ဘာ ၄၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အထက်တန်းကျောင်း ပစ်ခတ်မှုအတွင်း ၄ ဦး သေဆုံးပြီး အနည်းဆုံး ၉ ဦးထိခိုက်ဒဏ်ရာ ရကြောင်း ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေး ဗျူရိုက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

Winder မြို့ Barrow ကောင်တီတွင်းက Apalachee အထက်တန်းကျောင်းမှာ ဗုဒ္ဓဟူးနေ့က သေနတ်နဲ့ပစ်ခတ်ခဲ့သူကိုတော့ ဖမ်းဆီးထားပါပြီ။ သေနတ်သမားက အသက် ၁၄ နှစ် အရွယ် ကျောင်းသား ဖြစ်ပါတယ်။ ပစ်ခတ်မှုအတွင်း သေဆုံးသူ ၄ ဦးထဲမှာ ၂ ဦးကကျောင်းသားတွေဖြစ်ပြီး ၂ ဦးက ဆရာတွေ ဖြစ်ပါတယ်။ ကျောင်းဝင်းအတွင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအများအပြားနဲ့ကိုင်တွယ်ခဲ့ရပြီး ကျောင်းသားတွေကိုတော့ ကျောင်းရဲ့ ဘောလုံးကွင်းထဲမှာ ရွှေ့ပြောင်း ခိုလှုံခိုင်းခဲ့ရပါတယ်။

ပစ်ခတ်မှုဖြစ်ပွါးရာ ဂျော်ဂျီယာပြည်နယ်၊ Winder မြို့ Apalachee အထက်တန်းကျောင်းရှေ့မှာ ဆေးတပ်ရဟတ်ယာဥ်တစီးကို တွေ့ရစဥ်။ (စက်တင်ဘာ ၄၊ ၂၀၂၄)
ပစ်ခတ်မှုဖြစ်ပွါးရာ ဂျော်ဂျီယာပြည်နယ်၊ Winder မြို့ Apalachee အထက်တန်းကျောင်းရှေ့မှာ ဆေးတပ်ရဟတ်ယာဥ်တစီးကို တွေ့ရစဥ်။ (စက်တင်ဘာ ၄၊ ၂၀၂၄)
ဂျော်ဂျီယာပြည်နယ် အထက်တန်းကျောင်းပစ်ခတ်မှု ၄ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:38 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG