သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသတင်းအမှန် မရမှုကြောင့် ကျောက်ဖြူဒေသခံတို့ ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်


پولنگ اسٹشینز پر صبح ہی سے طویل قطاریں دیکھنے میں ملیں، جہاں ہر عمر کے مرد و خواتین اپنا حق رائے کے استعمال کے لیے جمع تھے۔
پولنگ اسٹشینز پر صبح ہی سے طویل قطاریں دیکھنے میں ملیں، جہاں ہر عمر کے مرد و خواتین اپنا حق رائے کے استعمال کے لیے جمع تھے۔

တနာရီ မိုင် ၁၂၀ နီးပါးရှိတဲ့ လေတိုက်နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တဲ့ ဂီရိ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့နယ်မှာ လူပေါင်း ၅,၀၀၀ ကျော် အိုးအိမ်တွေကို စွန့်ခွာပြီး ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရပါတယ်။ မုန်တိုင်းလာမယ့် အချိန်တုန်းက သတင်းမှန် မရခဲ့တဲ့အတွက် ကြိုတင် ပြင်ဆင်တာမျိုး မလုပ်နိုင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

တနာရီ လေတိုက်နှုန်း မိုင် ၁၂၀ လောက်ရှိတဲ့ ဂီရိမုန်တိုင်းဟာ ကျောက်ဖြူမြို့နယ် အပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အချို့ကို ပြီးခဲ့တဲ့ သောကြာနေ့ညက စပြီး ဝင်ရောက်ခဲ့ပါတယ်။ မိုးလေဝသဌာနက ဂီရိမုန်တိုင်းဟာ တနာရီ ရေပြင် မြေပြင်လေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ကျောက်ဖြူဒေသခံ ရှေ့နေကြီး ဦဘရှင်က အခုလို ပြောပြပါတယ်။

“ရေဒီယိုက ကြားနေတဲ့ သတင်းတွေပေါ့၊ ၅၀၊ ၆၀ ဆိုတာ။ ၅၀၊ ၆၀ ဆိုတော့ ဒီကလူတွေက ခေတ်စကားနဲ့ပြောရင် ပျင်းတောင် ပျင်းသေးတယ်ပေါ့။ ၁၂၀ လောက် တိုက်လိုက်တော့ ဒီမှာ ခံလိုက်ရတာပေါ့။”

ကျောက်ဖြူ ဒေသခံတွေကတော့ မုန်တိုင်းက တနာရီ မိုင် ၅၀၊ ၆၀ လောက်ပဲ တိုက်မယ်လို့ သတင်းတွေ ရထားတဲ့အတွက် ကြိုတင် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

“ကြိုတင်ပြင်ဆင်ဖို့ ဆိုတာက ဦးလေးတို့က မိုင် ၆၀ ပတ်ဝန်းကျင်လောက်ပဲ တိုက်မယ်လို့ သိနေကြတာကိုး။ မိုင် ၆၀ ပတ်ဝန်းကျင်လောက်ပဲ တိုက်မယ်လို့ သိနေကြတော့ ဒီကလူတွေက မိုင် ၆၀၊ ၇၀ လောက်ကို ဒီကအိမ်တွေက သိပ်ပြီး မမှုဘူးလေ။ ခံနိုင်ရည်ရှိအောင် ဆောက်ထားကြတာ။ တကယ်တိုက်တဲ့အခါ မိုင် ၁၂၀ လောက်အထိ တိုက်သွားတော့ အဲဒီမှာလည်း တမျိုးပေါ့လေ။”

အခုတော့ မုန်တိုင်းပြီးသွားပေမဲ့ မုန်တိုင်း ဒီရေကြောင့် အိုးအိမ်တွေ ရေနစ် ဆုံးရှုံးရတဲ့ ကျောက်ဖြူမြို့နယ် ဒေသခံ ၅,၀၀၀ ကျော်လောက် ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ဦးဘရှင်က ပြောပါတယ်။

“ဒုက္ခသည်တွေ ထွက်ပြေးပြီး ရောက်လာတာက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ရောက်နေကြတယ်။ သံဖြူကျောင်း ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၈၀၀ ကျော်လောက် ရှိတယ်။ မူလာဒွာရ ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၇၀ လောက်ရှိတယ်။ မူလာရာမ ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၂၀၀ ကျော်လောက်ရှိတယ်။ အစိုးရ အထက်တန်းကျောင်း အထက ၂ မှာ ဒုက္ခသည် ၁,၅၀၀ လောက်ရှိတယ်။ စိန်ပန်းဆရာတော် ကျောင်းမှာ ဒုက္ခသည် ၁၀၀ လောက်ရှိတယ်။

“ဘုရားကြီးကျောင်း ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၅၀ ကျော်လောက် ရောက်နေတယ်။ အလက ၄ မှာ ၁၀၀ နီးပါးလောက် ရောက်နေတယ်။ ကရင်တော အမကမှာ လူ ၁၀၀ လောက်ရှိတယ်။ ပရဟိတ ဆရာတော်ကျောင်းမှာ ၇၀ လောက် စာရင်းရထားပါတယ်။ ကလပါတောင် မူလတန်းကျောင်းမှာ ၁၁၀၊ သိမ်တောင်ကျောင်း ဘုန်းကြီးကျောင်းမှာ လူ ၆၀ လောက် ရှိပါတယ်။ နောက် အထက ၁ မှာ မိသားစု ၅၀ လောက် ရှိပါတယ်။ ပြင်မူမှော်ဆိုတဲ့ ရေမြုပ်နေတဲ့ရွာမှာ ဒုက္ခသည်က ၈၀၀ လောက်ရှိတယ်။”

တနာရီ မိုင် ၁၂၀ ကျော် တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ပင်လယ်ဒီရေ မြင့်တက်ပြီး ကျောက်ဖြူမြို့ကို ပတ်ထားတဲ့ တာဘောင် ကျိုးကျခဲ့တဲ့အတွက် အခုလို ရေဘေးဒဏ်ကို ပိုခံနေကြရတာပါ။ အခု ရေဘေးဒုက္ခသည်တွေကိုတော့ ဒေသခံ အလှူရှင်တွေက တတ်နိုင်သလောက် ကူညီပေးနေကြပါတယ်။

“မြို့ပတ်ထားတဲ့တာဘောင် ကျိုးသွားတော့ တာဘောင်ကိုကျော်ပြီး ရေကြီးတဲ့အခါ ရေဝင်သွားတယ်။ ဒီရေက ပြန်မထွက်နိုင်တော့ဘူး။ အဲဒီရပ်ကွက်တွေမှာ ရေပြန်ကျတဲ့ အချိန်ဆိုတာ ရေက အလကားတော့ မကျဘူး။ ရေကို တနည်းနည်းနဲ့ ပြန်ထုတ်နိုင်ရမယ်။ အဓိက အချက်ကတော့ ကျောက်ဖြူမြို့ကို ပတ်ပတ်လည် ဆည်ထားတဲ့ တာဘောင်၊ အဲဒီတာဘောင် ကျိုးသွားတာကို ပြန်လုပ်နိုင်ဖို့ အရေးကြီးတယ်။ တာဘောင်ဆိုတာက ဆည်မြောင်းဦးစီးဌာန ပိုင်တဲ့ဟာ။ ဆည်မြောင်းဦးစီးဌာနက လုပ်မှရမှာ။ ဦးလေးတို့ လုပ်လို့မရဘူး။”

မုန်တိုင်းနဲ့ ပတ်သက်ပြီး သတင်းအမှန် မရခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ်ကလည်း နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ လူပေါင်း သိန်းချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီသောကြာနေ့က ရခိုင်ပြည်နယ်မှာ စတင် ဝင်ရောက်ခဲ့တဲ့ ဂီရိ ဆိုင်ကလုံး မုန်တိုင်းကြောင့် ပျက်စီးသေဆုံးမှု စာရင်းတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က ကောက်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ကြီးရဲ့ တနင်္ဂနွေနေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူဦးရေ ၂၀၀,၀၀၀ နီးပါး နေထိုင်တဲ့ ကျောက်ဖြူမြို့က အိမ်ခြေ ၇၅% ထဲက တချို့တဝက် ပျက်စီးမှုရှိပြီး အိမ်ခြေ ၁,၀၀၀ လောက်ရှိတဲ့ ရွာ ၅ ရွာမှာ နေထိုင်သူ ၄,၅၀၀ လောက်က မုန်တိုင်းဒဏ်ကို ကြီးကြီးမားမား ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးအတွက် တနင်္ဂနွေ၊ တနင်္လာနေ့တွေမှာ လေကြောင်းနဲ့ ရေကြောင်းကနေ သွားရောက်ဖို့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG