ကမ္ဘာတ၀ှမ်းမှာ ပညာသင်ခွင့်မရတဲ့ မိန်းကလေးငယ်ပေါင်း ၆၂ သန်းရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။ အခုလို ဖြစ်ရတဲ့အခြေအနေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားစေတဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ရစေဖို့ နောက်လာမယ့် ၅ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ အသုံးပြုသွားမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ မိန်းကလေးတွေရဲ့ ပညာသင်ကြားခွင့် အခြေအနေကရော ဘယ်လိုရှိသလဲဆိုတာ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။