သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဗာဂျီးနီယားအုပ်ချုပ်ရေးမှုးရွေးကောက်ပွဲ ရီပတ်ပလင်ကန်ကိုယ်စားလှယ်အနိုင်ရ


 ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက အနိုင်ရသွားသူ Glenn Youngkin
ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက အနိုင်ရသွားသူ Glenn Youngkin

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက Glenn Youngkin က ဒီမိုကရက်ပါတီက Terry McAuliffe ကို အနိုင်ရသွားပါတယ်။

နိုင်ငံရေး လူသစ်တဦးဖြစ်တဲ့ Glenn Youngkin က အင်္ဂါနေ့ရွေးကောက်ပွဲမှာ ရေတွက်ပြီးသမျှ မဲအရေအတွက်ထဲ ထောက်ခံမဲ ၅၁% ရထားပြီး ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းတဦးဖြစ်တဲ့ Terry McAuliffe က ၄၈% ရထားပါတယ်။

နယူးဂျာစီပြည်နယ်မှာလည်း အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ လုပ်ခဲ့ပြီး ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ကိုယ်စားလှယ်လောင်းနှစ်ဦးကြား အနိုင်အရှုံး ပြတ်ပြတ်သားသား မထွက်သေးပါဘူး။

ရှေ့နှစ်ကျရင် နိုင်ငံတဝန်းမှာလုပ်မယ့် သမ္မတသက်တမ်းဝက်ကာလ လွှတ်တော်ရွေးကောက်ပွဲတွေရဲ့ အလားအလာကို ကြိုတင်တွက်ချက်ခန့်မှန်းဖို့အတွက် အင်္ဂါနေ့ကလုပ်တဲ့ ရွေးကောက်ပွဲတွေကို အနီးကပ် စောင့်ကြည့်လေ့လာကြလေ့ရှိပါတယ်။

၂၀၂၂ ခုနှစ် သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၄၃၅ နေရာလုံးအတွက် မဲပေးရွေးချယ်ကြရမှာပါ။ လက်ရှိ အထက်နဲ့ အောက် လွှတ်တော်နှစ်ရပ်လုံးမှာ ဒီမိုကရက်ပါတီက အမတ်အရေအတွက် အနည်းငယ် အသာရထားပါတယ်။ ဒါပေမယ့် နောက်နှစ်ရွေးကောက်ပွဲမှာ လွှတ်တော်တရပ်ရပ်မှာပဲဖြစ်ဖြစ်၊ နှစ်ခုလုံးမှာပဲဖြစ်ဖြစ် ဒီမိုကရက်ပါတီအနေနဲ့ အမတ်အများစု အနိုင်မရဘူးဆိုရင်တော့ သမ္မတ Joe Biden ရဲ့ လုပ်ငန်းအစီအစဉ်တွေအတွက် ဥပဒေပြုရေးပိုင်းမှာ ပိုပြီး အခက်တွေ့စေမှာဖြစ်ပါတယ်။

ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ အစောပိုင်း လူထုစစ်တမ်းတွေမှာ ဒီမိုကရက်ကိုယ်စားလှယ်လောင်း McAuliffe က အသာရခဲ့ပေမယ့် သမ္မတဘိုင်ဒန်အပေါ် လူထုထောက်ခံမှု လျော့ကျလာတာနဲ့အမျှ McAuliffe အပေါ် ထောက်ခံမှုလည်း ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတဘိုင်ဒန်က ဗာဂျီးနီးယားပြည်နယ်မှာ ၁၀% အသာနဲ့ အနိုင်ရခဲ့ပါတယ်။

=========

{{Unicode}}









#USPolitics #VirginiaGovernor @#GlennYoungkin #VOABurmese

XS
SM
MD
LG