သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ကမ္ဘ့ာကာကွယ်ရေးစရိတ် ၅ နှစ်အတွင်း အများဆုံးဖြစ်မည်


ဒီနှစ် ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာတဝှမ်း ကာကွယ်ရေး အသုံးစရိတ်ဟာ ၅ နှစ်အတွင်း အများဆုံးအဖြစ် တိုးလာနိုင်ကြောင်း နိုင်ငံတကာ ကာကွယ်ရေး လုပ်ငန်းတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ IHS Jane’s Defense ရဲ့ နှစ်ပတ်လည် ဘဏ္ဍာရေး သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြပါတယ်။

ရုရှားနိုင်ငံ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှဒေသတွေမှာ အသုံးစရိတ်တွေ ပိုများလာရာက မနှစ်ကထက် ဝ.၆% တိုးပြီး၊ စုစုပေါင်း ၁.၅၄၇ ထီလီယံအထိ ရှိမယ်လို့လည်း ခန့်မှန်းထားတာပါ။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ထဲ အရှိန်အဟုန် အကောင်းဆုံး ကာကွယ်ရေးပစ္စည်း ဈေးကွက် ၅ ခုမှာ ဆော်ဒီအာရေးဗီးယားနဲ့ အိုမန်နိုင်ငံတို့ ဦးဆောင်ပြီး အရှေ့အလယ်ပိုင်းဒေသဟာ ထိပ်ဆုံးနေရာမှာ ရှိခဲ့တဲ့အကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

စစ်သုံးစရိတ် အများဆုံးအဖြစ် အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ကတော့ ထိပ်ဆုံးနေရာမှာ ရှိနေသလို၊ စစ်ရေး တည်ဆောက်မှုတွေ တိုးချဲ့လာနေတဲ့ ရုရှားနိုင်ငံကတော့ ဗြိတိန်နိုင်ငံကို ကျော်လွန်ပြီး အဆင့် ၃ နေရာကို ရောက်လာခဲ့တာပါ။

ရုရှား၊ အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ စစ်စရိတ် တိုးမြှင့်သုံးစွဲမှုတွေဟာ ဆက်လက် ကြီးထွားလာနိုင်သလို၊ ၂၀၁၆ ခုနှစ်ကစလို့ စီးပွားရေး အခြေအနေတွေဟာလည်း ပြန်လည် နလန်ထူလာနိုင်မယ့် အလားအလာတွေ ရှိနေတဲ့အကြောင်းလည်း Jane’s Defense နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
XS
SM
MD
LG