သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးကြောင့် ကမ္ဘာမှာ ကင်ဆာရောဂါနဲ့ လူသန်းဝက်လောက် သေဆုံးဖွယ်ရှိ


ကင်ဆာဝေဒနာရှင်တဦးကို ကုသနေစဉ်။
ကင်ဆာဝေဒနာရှင်တဦးကို ကုသနေစဉ်။

၂၀၀၈ ခုနှစ်ကဖြစ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းကြောင့် လူပေါင်း ၅ သိန်းထိ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့ဖွယ် ရှိတယ်လို့ လေ့လာချက် အသစ်တခု က ပြောလိုက်ပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားပြီး ကျန်းမာရေးစောင့်ရှောက်မှု မရတော့တာကြောင့် အလွယ်တကူ စမ်းသပ်သိရှိနိုင်ပြီး ကုသလို့လည်းရ တဲ့၊ အမျိုးသားတွေမှာဆို ဆီးကျိတ်ကင်ဆာ၊ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာနဲ့ ကျား/မအားလုံး အတွက် အူမကြီး ကင်ဆာလို ရောဂါတွေကိုကုသဖို့ရာ အကူအညီမရခဲ့ကြဘူးလို့ Lancet ဆေးပညာ ဂျာနယ်မှာဖော်ပြတဲ့ လေ့လာချက် မှာ ပြောထား ပါတယ်။

အလုပ်လက်မဲ့နှုန်း ၁% တက်လာတဲ့ အခြေအနေတိုင်းကို ကျန်းမာရေး စောင့်ရှောက်မှု အသုံးစရိတ် ကျသွားတာနဲ့ပေါင်းပြီး ကင်ဆာရောဂါ နဲ့ သေဆုံးမှု ဘယ်လောက်တိုးလာတယ်ဆိုတာ တွက်ချက်ပြီးတော့ လေ့လာချက် ကို ရေးသားသူတွေက ကောက်ချက်ချထားတာပါ။

အားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရလာတဲ့အခါမှာတော့ အလုပ်လက်မဲ့နှုန်းနဲ့ ကင်ဆာရောဂါကြောင့် သေဆုံးသူ တိုးလာတဲ့အကြား အဆက်အစပ် ပျောက်သွားတယ်လို့ လေ့လာချက်မှာ အဆုံးသတ် ကောက်ချက်ချ ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG