သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fire Power စစ်လက်နက်အင်အား မြန်မာက ဘင်္ဂလားဒေ့ရှ် ထက်သာ

မြန်မာ့တပ်မတော် စစ်ရေးလေ့ကျင့်စဉ် (ဖေဖော်ဝါရီ ၃ ရက်၊၂၀၁၈)
မြန်မာ့တပ်မတော် စစ်ရေးလေ့ကျင့်စဉ် (ဖေဖော်ဝါရီ ၃ ရက်၊၂၀၁၈)

ကမ္ဘာ့လက်နက်ပိုင်ဆိုင်မှု စောင့်ကြည့်တဲ့ Global Fire Power အဖွဲ့ရဲ့ ၂၀၁၇ ခုနှစ်အတွက် အညွှန်းကိန်းမှာ အင်အားအများဆုံးက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ဒုတိယက ရုရှား၊ တတိယက တရုတ်နဲ့ စတုတ္ထက အိန္ဒိယဖြစ် ကြောင်းဖေါ်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း ၂ နိုင်ငံကြား ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဆက်ဆံရေးတွေ တင်းမာနေချိန်မှာ ၂ နိုင်ငံ စစ်အင်အားပိုင်ဆိုင်မှုကိုလည်း Global Fire Power အညွှန်းကိန်းမှာ ဖေါ်ပြထားတာပါ။ လက်နက်အင်အားပိုင်ဆိုင်မှုကိုကြည့်ရင် မြန်မာက ကမ္ဘာမှာ အဆင့် ၃၁ နေရာမှာ ရှိပြီး ဘင်္ဂလားဒေ့ရှ်က အဆင့် ၅၇ နေရာမှာ ရှိနေတယ်လို့ ဖေါ်ပြပါတယ်။

တပ်သားအရေအတွက်ကို ယှဉ်ကြည့်ရင် လူဦးရေ ၁၆၃ သန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်ကတပ်သား အရေအတွက် ၂ သိန်း ၂ သောင်းခွဲရှိပြီး လူဦးရေး ၅၂ သန်းရှိတဲ့ မြန်မာနိုင်ငံကတပ်သား ၅ သိန်းကျော်ရှိသလို ကာကွယ်ရေးအသုံးစားရိတ်ကို ယှဉ်ရင်လည်း ဘင်္ဂလားဒေ့ရှ်က ဒေါ်လာ ၁.၅၉ ဘီလျံရှိချိန်မှာ မြန်မာက ဒေါ်လာ ၂.၄ ဘီလျံ ဘတ်ဂျက်ရှိနေပါတယ်။

လေတပ်အင်အားကို ကြည့်ရင် စစ်လေယာဉ်တွေမှာ တိုက်လေယာဉ်တွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်က ၁၆၆ စင်းရှိပြီး မြန်မာကတော့ တိုက်လေယာဉ်အပါအဝင် စစ်လေယာဉ် ၁၃၃ စင်းရှိပါတယ်။ ရဟတ်ယာဉ် မှာတော့ မြန်မာက ၈၆ စင်းရှိပြီး ဘင်္ဂလားဒေ့ရှ်က ၆၁ စင်းရှိပါတယ်။

တင့်ကား အရေအတွက်ကလည်း မြန်မာက ၅၉၂ စီး ဘင်္ဂလားဒေ့ရှ်က ၅၃၄ စီးရှိပြီး armoured သံချပ်ကာကား ကတော့ မြန်မာက ၁၃၅၈ စီးရှိပြီး ဘင်္ဂလားဒေ့ရှ်က ၉၈၂ စီး ရှိပါတယ်။ လက်နက်ကြီးအင်အားမှာ ဆိုရင် ဘင်္ဂလားဒေ့ရှ်က သံချပ်ကာ အမြှောက်ကား ၁၈ စီး၊ ဒုံးစင်တင်ကား ၃၂ စီးရှိပြီး မြန်မာကတော့ သံချပ်ကာအမြှောက်ကား ၁၀၈ စီးနဲ့ ဒုံးစင်တင်ကား ၁၀၈ စီးရှိတယ်လို့ ဆိုပါတယ်။

ရေတပ်အင်အားကတော့ ဘင်္ဂလားဒေ့ရှ်က စစ်ရေယာဉ် ၉၀လောက်ရှိပြီး မြန်မာက အစင်း ၁၅၀ ကျော်ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။ ၂ နိုင်ငံစလုံးဟာ လေယာဉ်တင်သင်္ဘော- ဖျက်သင်္ဘောတွေ မပိုင်ကြပေမယ့် မကြာသေးခင်ကပဲ ဘင်္ဂလားဒေ့ရှ်က ရေငုပ်သင်္ဘော ၂ စင်း ဝယ်ယူခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

Fire Power စစ်လက်နက်အင်အား မြန်မာက ဘင်္ဂလားဒေ့ရှ် ထက်သာ
please wait

No media source currently available

0:00 0:02:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG