သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကြီးပူနွေးမှု ဆန့်ကျင်တဲ့လှုပ်ရှားမှု နိုင်ငံတကာမှာကျင်းပ

1/9
အသေးစိတ် ဖတ်ရှုရန် Show less
2/9
အသေးစိတ် ဖတ်ရှုရန် Show less
3/9
အသေးစိတ် ဖတ်ရှုရန် Show less
4/9
အသေးစိတ် ဖတ်ရှုရန် Show less
5/9
အသေးစိတ် ဖတ်ရှုရန် Show less
6/9
အသေးစိတ် ဖတ်ရှုရန် Show less
7/9
အသေးစိတ် ဖတ်ရှုရန် Show less
8/9
အသေးစိတ် ဖတ်ရှုရန် Show less
9/9
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဒီတပတ်ထဲကျင်းပမယ့် ကုလသမဂ္ဂ ရာသီဥတု ညီလာခံကြီးမှာ ကမ္ဘာကြီးပူနွေးမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခုကို တနင်္ဂနွေနေ့က နယူးယောက်မြို့မှာနဲ့ ကမ္ဘာတဝှမ်းက မြို့ကြီးတွေမှာ ရာနဲ့ချီတဲ့သူတွေ ချီတက် တောင်းဆိုခဲ့ကြပါတယ်။

နယူးယောက်မြို့ ချီတက်ပွဲမှာတော့ သရုပ်ဆောင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ သိပ္ပံရှင်တွေ ပါဝင်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီလှုပ်ရှားမှုကို လူထုရဲ့ ပြင်းပြတဲ့အသံလို့ သူက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အတွင်းရေးမှူးချုပ်က အဖိုးတန်တဲ့အချိန်တွေကို ဆုံးရှုံးလို့ မဖြစ်သလို နောက်ထပ် ကမ္ဘာတခုလည်း မရှိတဲ့အတွက် အရန်သင့် အစီအစဉ်ဆိုတာမျိုးလည်း မရှိနိုင်ဘူးလို့လည်း သတိပေးခဲ့တာပါ။

ကမ္ဘာ့ရာသီဥတုဆိုင်ရာ သဘောတူညီချက်သစ် တခုအတွက် ကမ္ဘာ့ခေါင်းဆောင် ၁၂၀ ကျော် ဆွေးနွေးကြမှာဖြစ်ပြီး ၂၀၁၅ ခုနှစ် မတိုင်မီအဆင်သင့် ဖြစ်မယ်လို့လည်း အများက မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG