သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်သစ်ကျွန်ပြုမှု နိုင်ငံစာရင်းမှာ မြန်မာ အဆင့် ၁၈ နေရာရှိ


ခေတ်သစ်ကျွန်ပြုမှု နိုင်ငံစာရင်းမှာ မြန်မာ အဆင့် ၁၈ နေရာရှိ
ခေတ်သစ်ကျွန်ပြုမှု နိုင်ငံစာရင်းမှာ မြန်မာ အဆင့် ၁၈ နေရာရှိ

ခေတ်သစ်ကျွန်စံနစ်အများဆုံးရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် (၁၈) မှာ ရှိနေကြောင်း ဇူလိုင်လ ၁၉ ရက်၊ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကမ္ဘာလုံး ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ခန့်မှန်းခြေအားဖြင့် လူဦးရေ ၅၂ သန်းကျော် ရှိတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေ စုစုပေါင်းရဲ့ ၁၀% လောက်နဲ့ ညီမျှတဲ့ ၅၇၅,၀၀၀ လောက်ဟာ ခေတ်သစ် ကျွန် စံနစ် aအာက်မှာ နေထိုင်နေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားအရ လူ ၁၀၀ မှာ ၆ ယောက်ကျော် ဟာ ခေတ်သစ်ကျွန်စံနစ် ပြုခံရ ကိန်း ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၁၆၇ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ The Global Slavery Index - ကမ္ဘာ လုံး ဆိုင်ရာ ကျွန်စံနစ် အညွန်း ကိန်းအရ မြောက်ကိုရီးယားနဲ့ အီရီးထရီး ယား နိုင်ငံတို့ဟာ ခေတ်သစ်ကျွန်စံနစ် အများဆုံးရှိတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါ တယ်။

၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ကျွန်အပြုခံရသူပေါင်း ၄၀.၃ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာက သတ်မှတ်တဲ့ ခေတ်သစ်ကျွန် စာရင်းထဲမှာ သမား ရိုးကျ ကျွန်ပြု ခိုင်းစေခြင်းအပြင် လူမှောင်ခိုကူးမှု၊ အဓမ္မခိုင်း စေမှု၊ ငွေဝယ်ကျွန်၊ အဓမ္မ ထိမ်းမြားလက်ထပ်ပေးခြင်း၊ အရွယ်မရောက်သေးသူတွေကို ခိုင်းစားခြင်း၊ ရောင်းစား ခြင်းတို့ ပါဝင်ပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာမှာ ခေတ်သစ်ကျွန်စံနစ် အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး လူ (၁၀) ယောက်မှာ (၁) ယောက်ဟာ ကျွန်ပြု ခံနေရကြောင်း၊ တိုင်းပြည်ရဲ့ လူဦးရေ အများစုဟာလည်း အစိုးရရဲ့ အဓမ္မခိုင်းစေခြင်းကို ခံနေရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မသင်္ကာဖွယ်ရာ အခြေအနေတွေအောက်မှာ အလုပ်လုပ်နေကြရသူတွေထံက ဒေါ်လာ ၃၅၀ ဘီလီယံနဲ့ ညီမျှတဲ့ ကုန်ပစ္စည်းတွေကို တင်သွင်းခဲ့တာကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း တာဝန်ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ကျောက်မီးသွေး၊ ကိုကာ၊ ဝါဂွမ်း၊ သစ်နဲ့ ငါးလုပ်ငန်းတွေဟာ ခေတ်သစ်ကျွန် စံနစ်ကို အသုံးပြုပြီး ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ အစီရင်ခံစာ ထုတ်ပြန်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ခေတ်သစ် ကျွန်စံနစ်ကြောင့် လူဦးရေ ဘယ်လောက်အထိ ထိခိုက် နစ်နာနေရတယ်ဆိုတဲ့ ခိုင်မာတဲ့ စာရင်း ဇယားတွေ ရရှိပြီး ဒီပြဿနာ အဆုံးသတ်ရေး ကမ္ဘာတဝှမ်းက အစိုးရတွေ လုပ်ဆောင်ကြဖို့ ဖိအားပေးတဲ့အနေနဲ့ ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ အီရီထရီးယားတို့ပြီးရင် တခြား အဆိုးရွားဆုံး နိုင်ငံတွေ ကတော့ ဘူရွန်းဒီ၊ ဗဟိုအာဖရိက နိုင်ငံ၊ အာဖဂန်နစ္စတန်၊ မော်ရစ်ရှ၊ တောင် ဆူဒန်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ အီရန်တို့ဖြစ်တယ်လို့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG