သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပေါ်မှာ သစ်ပင် အရေအတွက် လျော့နည်းလာ


Yale တက္ကသိုလ်က ပြုစုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သစ်ပင်များပြမြေပုံ။
Yale တက္ကသိုလ်က ပြုစုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သစ်ပင်များပြမြေပုံ။

သတင်းကောင်းကတော့ ကမ္ဘာပေါ်မှာ သစ်ပင်ပေါင်း ၃ ထရီလီယံကျော် ရှိနေပါတယ်။ သတင်းဆိုး ကတော့ လူသား ယဉ်ကျေးမှု စတင်ချိန်ကတည်းက ရှိခဲ့တဲ့ သစ်ပင် အရေအတွက်ထက် ၄၆% ကျဆင်းသွားတာပဲဖြစ်ပါတယ်။

ဒီသစ်ပင်အရေအတွက် စာရင်းကောက်ယူမှုကို သုတေသန ပညာရှင်တွေပါဝင်တဲ့ အဖွဲ့က ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ပုံရိပ်တွေ သစ်တောတွေကို ကောက်ယူ ထားတဲ့ စစ်တမ်းတွေ စတုရန်း တစ် ကီလိုမီတာ အတွင်း မှာရှိတဲ့ သစ်ပင်အရေအတွက် ကို ရေတွက်တဲ့ နည်းစနစ်ပိုင်း ဆိုင်ရာ မြေပုံကို အသုံးပြုပြီးဆောင်ရွက်ခဲ့တာပါ။

သစ်ပင်တွေဟာ ကမ္ဘာပေါ်မှာ အလွန်အရေးပါဆုံး ဇီဝရုပ်ပစ္စည်းဖြစ်ပါတယ်။ သစ်ပင်တွေအနေနဲ့ ကမ္ဘာကြီးကို ဘယ်လောက် အထောက်အကူ ပေးတယ် ဆိုတာကို အခု မကြာသေးခင် ကမှ စပြီး သဘောပေါက်လာကြတယ် လို့ လေ့လာရေး ဦးဆောင် စာတမ်းရေးသားသူ Yale တက္ကသိုလ် သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ သုတေသန အဖွဲ့က Thomas Crowther ကပြောပါတယ်။

အခုလို သစ်ပင်တွေ အရေအတွက် စစ်တမ်းကောက်ရာမှာ သစ်ပင်တွေ အများကြီး ရှိတာ တွေ့ခဲ့ရလို့ သူ့အနေနဲ့ အံ့အားသင့်ခဲ့ရကြောင်း Thomas Crowther ကပြောပါတယ်။

အရင်တုန်းက ခန့်မှန်း တွက်ချက်ထားမှုအရ သစ်ပင်အရေတွက် ၄၀၀ ဘီလီယံ ရှိတယ်လို့ဆိုပါတယ်။ Crowther ရဲ့ လေ့လာသုတေသန ပြုမှုအရ ၃.၀၄ ထရီလီယံ ရှိပြီးတော့ လူတဦးမှာ ၄၂၂ ပင်ရှိတာနဲ့ ညီမျှတဲ့ သဘောဖြစ်ပါတယ်။

သစ်ပင်တွေဟာ ကာဘွန်ဓါတ်ငွေ့ ထိန်းသိမ်းတဲ့နေရာ၊ ရေနဲ့ လေ ပိုမိုကောင်းမွန်စေဖို့ နဲ့ လူသားတွေအတွက် တခြား မှီခိုအားထားစရာ အများအပြားရှိနေပါတယ်။

XS
SM
MD
LG