သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အမြင့်ဆုံးအဆင့်ရောက်


ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ အဓိက ဖန်လုံအိမ်ဓာတ်ငွေ့ ၃ မျိုးရဲ့ ထုတ်လွှတ်မှုဟာ ၂၀၁၂ ခုနှစ်မှာ အမြင့်ဆုံး စံချိန်တင်ခဲ့တယ်လို့ WMO ကုလသမဂ္ဂ ဥတုရာသီဆိုင်ရာ အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့တွေဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနဲ့ nitrous oxide ဓာတ်ငွေ့တွေဟာ လေထုထဲမှာ စံချိန်တင်လောက်အောင် များပြားနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အခုလို တွေ့လာရတာမို့ ဒါဟာ ကမ္ဘာကြီးကို စက်မှုလက်မှုခေတ် မတိုင်ခင် အနေအထားထက် ပူနွေးမှု ၂ ဒီဂရီ Celsius လျှော့ချနိုင်ဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်အတွက် စိန်ခေါ်မှုဖြစ်လာစေတာပါ။

မကြာခင် ကျင်းပတော့မယ့် နိုင်ငံပေါင်း ၁၉၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်မယ့် Warsaw က ရာသီဥတုဆိုင်ရာ ညီလာခံမှာ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးအတွက် တကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၅ ခုနှစ်မှာ ချမှတ်နိုင်ဖို့ ဆွေးနွေးကြမှာဖြစ်ပြီး ဒီညီလာခံမတိုင်ခင် အခုလို လေထုထဲ ဖန်လုံအိမ်ဓာတ်ငွေ့တွေ တိုးလာတဲ့ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

တကယ်လို့ လက်ရှိအနေထားကို ပြောင်းသွားအောင် မလုပ်နိုင်ရင်တော့ ကမ္ဘာကြီးပူနွေးမှုဟာ သက္ကရာဇ် ၂၁၀၀ မှာ ၄ ဒဿမ ၆ ဒီဂရီ Celsius အထိ တိုးလာနိုင်ပြီး ဒါဟာ အရင် စက်မှုခေတ်မတိုင်ခင် အနေအထားထက် ကျော်လွန်နေမှာ ဖြစ်တယ်လို့ WMO အတွင်းရေးမှူးချုပ် Michel Jarraud က ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ
ဖော်ပြထားပါတယ်။
XS
SM
MD
LG