သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ကျားရိုင်းကောင်ရေတိုး


ကမ္ဘာတဝှမ်းက တောတွေထဲမှာ လှည့်လည်သွားလာနေတဲ့ ကျားကောင်ရေ ဟာ ရာစုနှစ်တခုအတွင်းမှာ ပထမဆုံးအကြိမ်မြင့်တက် လာခဲ့တယ်လို့ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေ နဲ့ အစိုးရတွေကနေ ရေတွက်ထားပြီး ၊ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ကျားကောင်ရေစာရင်းဟာ ၃၈၉၀ ရှိတယ်လို့ဆိုပါတယ်။

ဒီအရေအတွက်က ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက နောက်ဆုံးအကြိမ် ကမ္ဘာတဝှမ်းမှာရေတွက်ခဲ့တဲ့ အရေအတွက်ထက်ကို သိသိသာသာ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက စုစုပေါင်း ကျားကောင်ရေဟာ အနိမ့်ဆုံးကို ရောက်ရှိခဲ့ပြီးတော့ ၃၂၀၀ သာရှိခဲ့တယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရံပုံငွေအဖွဲ့ နဲ့ ကမ္ဘာ့လုံးဆိုင်ရာ ကျားထိန်းသိမ်းစောင့်ရှောက်ရေးနှီးနှောဖလှယ်ပွဲက ပြောပါတယ်။

အိန္ဒိယနိုင်ငံတနိုင်ငံတည်းက ကမ္ဘာ့ကျားကောင်ရေ အရေအတွက်ရဲ့ တဝက်ကျော်ကျော်ရှိပြီး၊ အိန္ဒိယနိုင်ငံတဝှမ်းက တောရိုင်းတွေထဲမှာ လှည့်လည်ကျက်စားနေတဲ့ ကျားကောင်ရေ အရေအတွက်ဟာ ၂၂၂၆ ကောင်ရှိတယ်လို့ ပြောပါတယ်။

ကမ္ဘာတဝှမ်း ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းတွေအရတော့ - ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှာ ၁၀၆ ကောင်၊ ဘူတန်နိုင်ငံက ၁၀၃ ကောင်၊ ကမ္ဘောဒီးယားက ၀ ၊ တရုတ်နိုင်ငံက ၇ ကောင်ထက်မနည်း၊ အိန္ဒိယက ၂၂၆ ယောက်ကောင်၊ အင်ဒိုနီးရှားက ၃၇၁ ကောင်၊ လာအိုက ၂ ကောင်၊ မလေးရှားက ၂၅၀ ၊ နီပေါက ၁၉၈ ကောင်၊ ရုရှားက ၄၃၃ ၊ ထိုင်းက ၁၈၉ နဲ့ ဗီယက်နမ်က ၅ ကောင် လောက်ပဲရှိပါတယ် ။ မြန်မာနိုင်ငံကတော့ နောက်ဆုံးထွက်ရှိတဲ့ စာရင်းမဟုတ်တာကြောင့် ဘယ်နှစ်ကောင်ရှိတယ်ဆိုတာကို မသိရသေးဘဲဖြစ်နေပြီး၊ ၂၀၁၀ ခုနှစ်က စာရင်းမှာတော့ ၈၅ ကောင်ရှိတယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG