သုံးရလွယ်ကူစေသည့် Link များ

အင်တာနက် ဂျီမေးလ်တွေ ဝင်ဖောက်မှု FBI စစ်ဆေး


အင်တာနက် ဂျီမေးလ်တွေ ဝင်ဖောက်မှု FBI စစ်ဆေး
အင်တာနက် ဂျီမေးလ်တွေ ဝင်ဖောက်မှု FBI စစ်ဆေး

အမေရိကန် အရာရှိတွေ၊ တရုတ်နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ စာနယ်ဇင်းသမားတွေ အပါအဝင် လူရာပေါင်းများစွာရဲ့ E-mail တွေကို တရုတ်နိုင်ငံက ကွန်ပြူတာစနစ်ထဲ ခိုးဝင်တိုက်ခိုက်သူ hacker တွေက ထိုးဖောက် ဝင်ရောက်ခဲ့တယ်လို့ Google အင်တာနက် ကုမ္ပဏီက စွပ်စွဲထားတာတွေကို အမေရိကန် အာဏာပိုင်တွေက စုံစမ်း စစ်ဆေးသွားမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

ဒါဟာ ပြင်းထန်တဲ့ စွပ်စွဲချက် ဖြစ်တယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပေမဲ့ မှန်မမှန် အသေးစိတ်တော့ ဝန်ကြီး ကလင်တန်က ပြောမသွားခဲ့ပါဘူး။

တိုက်ခိုက်မှုတွေကို စုံစမ်းသွားဖို့ Google ကုမ္ပဏီနဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဂျီမေးလ်အကောင့် သုံးစွဲသူတွေရဲ့ လျှို့ဝှက် password တွေကို ခိုးယူဖို့ ကြိုးပမ်းမှုတွေဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီနန် (Jinan) ဒေသက မြစ်ဖျားခံလာတယ်လို့ Google ကုမ္ပဏီက ပြောဆိုထားပေမဲ့လည်း ဘယ် E-mail တွေကို ထိုးဖောက် ဝင်ရောက်ခဲ့သလဲ ဆိုတာကိုတော့ မပြောပါဘူး။

ဘယ်အမေရိကန် အရာရှိတွေရဲ့ E-mail တွေ အဖောက်ခံရတယ်၊ ဘယ်လောက်ကြာကြာ ဝင်ရောက်ခဲ့တယ် ဆိုတာတွေကိုလည်း Google ကုမ္ပဏီက အတိအကျ မပြောခဲ့ပါဘူး။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ အစိုးရ E-mail အကောင့်တွေကို တိုက်ခိုက်ခံရတယ်လို့ ယုံကြည်ရလောက်တဲ့ အကြောင်းရင်းမျိုး လောလောဆယ် မတွေ့ရဘူးလို့ အစောပိုင်းမှာ ပြောဆိုထားတာပါ။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို အပြစ်ဖို့တာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကြာသပတေးနေ့ကပဲ သတင်းစာ ရှင်းလင်းပွဲအတွင်း တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG