သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AI ခေါင်းကိုင် ဖခင်ကြီး နည်းပညာအန္တရာယ်သတိပေး


AI ခေါင်းကိုင် ဖခင်ကြီး နည်းပညာအန္တရာယ်သတိပေး
please wait

No media source currently available

0:00 0:04:10 0:00

လူအများနဲ့ ဆက်သွယ် ဖြေကြားပေးတဲ့ ChatGPT ဉာဏ်ရည်တု Chatbot ခေတ်မှာ Artificial Intelligence လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာအကြောင်း သတိပေးနှိုးဆော်တာတွေကို အများအပြား တွေ့လာရပါတယ်။

လူအများနဲ့ ဆက်သွယ် ဖြေကြားပေးတဲ့ ChatGPT ဉာဏ်ရည်တု Chatbot ခေတ်မှာ Artificial Intelligence လို့ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာအကြောင်း သတိပေးနှိုးဆော်တာတွေ အများအပြားတွေ့လာရပါတယ်။ နည်းပညာနဲ့စက်မှုလုပ်ငန်းရှင် အီလွန်မာစ်၊ ပညာရှင် နိုမ်ချမ်စကီးကနေအသက် ၉၉ နှစ်အရွယ်ရှိပြိဖြစ်တဲ့ အငြိမ်းစားနိုင်ငံရေးခေါင်‌ဆောင် တဦးဖြစ်သူ ဟင်နရီကစ်ဆင်ဂျာအထိ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကဒီ အကြောင်း ပြောခဲ့ကြပါတယ်။ဒါပေမယ့် AI လို့လည်း အတိုကောက်ခေါက်ကြတဲ့ ဒီဉာဏ်ရည်တု နည်းပညာအကြောင်း လေ့လာနေတဲ့သုတေသနပညာရှင်တွေရဲ့ အဝန်းအဝိုင်းမှာအထိ ဒီနည်းပညာအကြောင်း သတိပေးလာတာကတော့ အထူးသတိပြုစရာ ဖြစ်လာပါတယ်။
AI ရဲ့ ရှေ့ဆောင်သုတေသီတဦးလည်း ဖြစ်၊ “AI ရဲ့ ခေါင်းကိုင်ဖခင်ကြီး” လို့ ညွှန်းဆိုခံရလေ့ ရှိတဲ့ ဂျက်ဖရီ ဟင်တန် (Geoffrey Hinton) က Google နည်းပညာ ကုမ္ပဏီ က နုတ်ထွက်ခဲ့ပြီးနောက်မှာ သူဖန်တီးပေးခဲ့တဲ့ နည်းပညာ ရဲ့ အန္တရာယ်တွေအကြောင်းကို ပိုပြီး လွတ်လွတ်လပ်လပ်နဲ့ ပြောဆိုလာနိုင်နေပါတယ်။ အေပီ သတင်းဆောင်းပါး တပုဒ်ကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။

XS
SM
MD
LG