သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဈေး စံချိန်ထပ်ကျိုး


ရွှေဈေး စံချိန်ထပ်ကျိုး
ရွှေဈေး စံချိန်ထပ်ကျိုး

အမေရိကန် စီးပွားရေး အခြေအနေ မဟန်သေးတဲ့ သတင်းတွေနဲ့ ဥရောပတိုက်က မပြေလည်သေးတဲ့ ကြွေးမြီပြဿနာအပေါ် စိုးရိမ်ပူပန်မှုတွေကြောင့် ကမ္ဘာ့ရွှေဈေးတွေ အင်္ဂါနေ့က ၂% ကျော် တက်သွားခဲ့ပါတယ်။

ချက်ချင်းမှာယူလို့ ရနိုင်တဲ့ ရွှေဈေး နယူးယောက် ဈေးကွက်မှာ ၃၅ ဒေါ်လာလောက် တက်သွားတာကြောင့် ရွှေဈေးဟာ ဒီနေ့ ဈေးပိတ်တဲ့ အချိန်မှာ တအောင်စကို ၁,၆၅၅ ဒေါ်လာနဲ့ ပြား ၈၀ အထိ ဖြစ်သွားပါတယ်။ ရွှေဈေးဟာ ဒီနှစ် တနှစ်တည်းမှာတင် အမြင့်ဆုံးအဖြစ် ၉ ကြိမ်တိုင်တိုင် တက်ခဲ့ပြီး ၂၀၁၁ ခုနှစ် တနှစ်လုံးစာ အတွက်တော့ ၁၅% တက်သွားခဲ့ပါတယ်။

စီးပွားရေး ပြဿနာတွေ ဖြစ်ပေါ်လာတိုင်း သူတို့ငွေတွေကို စိတ်ချရအောင် ရင်းနှီးမြှုပ်နှံသူတွေက ရွှေတွေကို ဝယ်ထားလေ့ ရှိပါတယ်။

လွန်ခဲ့တဲ့လအတွင်း ထိုင်း၊ တောင်ကိုရီးယားနဲ့ ကာဇက်စတန် နိုင်ငံတို့က သူတို့ရဲ့ အရံ သိုလှောင်ထားတဲ့အထဲ ရွှေတွေ ထပ်ဖြည့် သိုလှောင်ခဲ့တယ်လို့ Bloomberg ငွေကြေးဆိုင်ရာ သတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG