သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၇၂) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆု ချီးမြှင့်


Hollywood နိုင်ငံခြားသတင်းထောက်များအဖွဲ့ရဲ့ ၇၂ ကြိမ်မြောက် နှစ်ပတ်လည် ရွှေကမ္ဘာလုံးဆု ချီးမြှင့်ပွဲကို အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း California ပြည်နယ်Beverly Hills မှာ ကျင်းပတော့ ၁၂ နှစ်ကြာအောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားက အမြင့်ဆုံးဆုဖြစ်တဲ့ ဇာတ်အိမ်သားပေး drama ရုပ်ရှင်ကားဆုရရှိသွားပါတယ်။

Boyhood ဆိုတဲ့ရုပ်ရှင်ကားက အကောင်းဆုံး ဇာတ်အိမ်အသားပေး drama ရုပ်ရှင်ကားဆု၊ ဒါရိုက်တာ Richard Linklater က အကောင်းဆုံး ဒါရိုက်တာဆု၊ မင်းသမီး Patricia Arquette က အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုတွေ ရရှိသွားပါတယ်။

The Grand Budapest Hotel ဇာတ်ကားကတော့ Birdman, Into the Woods , Pride, နဲ့ St. Vincent ဇာတ်ကားတွေကို အနိုင်ရပြီး အကောင်းဆုံး တေးသရုပ်ဖော်၊ ဟာသဇာတ်မြူးဆု ရရှိသွားပါတယ်။

ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေမှာတော့ Amazon – online လက်လီအရောင်း ကုမ္ပဏီကြီးက ရိုက်ကူး ထုတ်လုပ် တဲ့ Transparent ဆိုတဲ့ ဟာသကားနဲ့ သူတို့အတွက် ပထမဆုံး ရွှေကမ္ဘာလုံးဆု ၂ ဆု ရရှိသွားပါတယ်။ ဝါရင့်မင်းသား Jeffrey Tambor ပါဝင်သရုပ်ဆောင်တဲ့ Transparent ဇာတ်လမ်းတွဲက အမျိုးသားဘဝကနေ အမျိုးသမီးဘဝကို ပြောင်းလဲလိုက်တဲ့အကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိသားစုကို ဖွင့်ပြောဖို့ ဘယ်လို အသေးစိတ် စီစဉ်သလဲ ဆိုတာတွေကို ရိုက်ပြတာပါ။ Transparent ဇာတ်လမ်းတွဲက အကောင်းဆုံးတေးသရုပ်ဖော်၊ ဟာသဇာတ်မြူးဆုနဲ့ မင်းသား Jeffrey Tambor က ဟာသဇာတ်မြူး တေးသရုပ်ဖော်ဇာတ်လမ်းတွဲမှာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုတို့ ရရှိသွားပါတယ်။

မင်းသား George Clooney ကတော့ အနုပညာနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ သူ့ရဲ့ စွမ်းဆောင်ကြိုးပမ်းချက်တွေအတွက် Cecil B. DeMille ဂုဏ်ထူးဆောင် ရွှေကမ္ဘာလုံးဆု ချီးမြှင့်ခံရပါတယ်။ George Clooney က ပြင်သစ်အကြမ်းဖက်တိုက်ခိုက်မှု ဆန့်ကျင်ရေးကို ထောက်ခံပြောကြားသူတဦးဖြစ်ပြီး သရော်စာတွေ ရေးတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုကို ဆန့်ကျင်သူတွေရဲ့ ဆောင်ပုဒ် Je suis Charlie - ကျွန်တော် Charlie ပါဆိုတာကို George Clooney က ဆုလက်ခံစင်မြင့်ကနေ ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG