သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook အကြောင်း ရုပ်ရှင်ဇာတ်ကား ရွှေကမ္ဘာလုံးဆုများ ဆွတ်ခူး

Facebook အကြောင်း ရုပ်ရှင်ဇာတ်ကား ရွှေကမ္ဘာလုံးဆုများ ဆွတ်ခူး
Facebook အကြောင်း ရုပ်ရှင်ဇာတ်ကား ရွှေကမ္ဘာလုံးဆုများ ဆွတ်ခူး

အမေရိကန်ပြည်ထောင်စုမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရုပ်ရှင်နဲ့ TV ဇာတ်လမ်းတွဲဆိုင်ရာ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Facebook လူမှုကွန်ယက် ဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းကို ရိုက်ကူးထားတဲ့ Social Network ရုပ်ရှင်ကားက အကောင်းဆုံး ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုကို ရရှိသွားပါတယ်။

ဒီကားကပဲ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ရိုက်ညွှန်းဆုတို့ အပါအဝင် စုစုပေါင်း ရွှေကမ္ဘာလုံးဆု ၄ ဆု ရရှိသွားပါတယ်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ဗြိတိသျှ ဆဌမမြောက် Geroge ဘုရင်အကြောင်း ရိုက်ထားတဲ့ King’s Speech ဆိုတဲ့ ရုပ်ရှင်ထဲက မင်းသား Collin Firth၊ တခါ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကိုတော့ ဘဲလေးကခြေသည်အကြောင်း ရိုက်ထားတဲ့ Black Swan ရုပ်ရှင်ကားထဲက မင်းသမီး Natalie Portman က ရရှိသွားပါတယ်။

ဟောလီးဝုဒ် နိုင်ငံခြား သတင်းထောက်များ အသင်းကပေးတဲ့ Gloden Globe ရွှေကမ္ဘာလုံးဆု ရရှိသူတွေဟာ ဟောလီးဝုဒ် ရုပ်ရှင်လောကအတွက် အကြီးကျယ်ဆုံးဖြစ်တဲ့ အကယ်ဒမီဆု ရနိုင်ခြေ များတယ်လို့ တွက်ဆကြပါတယ်။

This item is part of
XS
SM
MD
LG