သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်စကာဆုရှေ့ပြေး ရွှေကမ္ဘာလုံးဆု ပဏာမ ရွေးချယ်မှု

အော်စကာဆုရှေ့ပြေး ရွှေကမ္ဘာလုံးဆု ပဏာမ ရွေးချယ်မှု
အော်စကာဆုရှေ့ပြေး ရွှေကမ္ဘာလုံးဆု ပဏာမ ရွေးချယ်မှု

ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားက ဇာတ်ကားတွေကို ဆုချီးမြှင့်တဲ့ ရွှေကမ္ဘာလုံးဆု စာရင်းမှာ ၁၉၃၀ ခေတ် ဗြိတိသျှ ဘုရင်အကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင်က ဦးဆောင်နေပါတယ်။

The King's Speech ရုပ်ရှင်ကားဟာ ဆုရမယ့် စာရင်းမှာ ဦးဆောင်နေပါတယ်။

အကောင်းဆုံး အမျိုသား သရုပ်ဆောင် စာရင်းမှာ Colin Firth၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ သရုပ်ဆောင် စာရင်းမှာ Geoffrey Rush၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု စာရင်းမှာ Helena Bonham Carter တို့ ပါဝင်နေကြပါတယ်။

အကောင်းဆုံး ဇာတ်ကားဆု စာရင်းမှာ The Fighter, Irish, The Social Network တို့ ပါဝင်ကြပါတယ်။ ရုပ်မြင်သံကြားမှာတော့ Glee ရုပ်သံစီးရီးက နာမည်ကြီးနေပါတယ်။

ရွှေကမ္ဘာလုံးဆုကို ဟောလီးဝုဒ် နိုင်ငံခြား စာနယ်ဇင်း အဖွဲ့က ချီးမြှင့်တာ ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆု ရတာဟာ အော်စကာဆုရဖို့ ရှေ့ပြေးဖြစ်တယ်လို့ ခန့်မှန်း ပြောဆိုကြပါတယ်။

This item is part of
XS
SM
MD
LG