သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကမ္ဘာလုံးအကောင်းဆုံး ဇာတ်ကားဆု Argo ဆွတ်ခူး


ရွှေကမ္ဘာလုံးဆုရ Argo ရုပ်ရှင်အဖွဲ့သားများကို ဆုလက်ခံယူအပြီးတွေ့ရစဉ်။ (ဇန်နဝါရီ ၁၃၊ ၂၀၁၃)
အမေရိကန်နိုင်ငံ ဟောလီဝုဒ် ရုပ်ရှင်လောကရဲ့  တနင်္ဂနွေ နေ့ မှာ ကျင်းပတဲ့ ရုပ်ရှင်ဆုပေးပွဲမှာ Golden Globes ရွှေကမ္ဘာလုံးဆုပေးပွဲမှာ မျှော်လင့်မထားတဲ့ အာဂိုရုပ်ရှင်က ဆွတ်ခူးရရှိသွားပါတယ် ။
ဇာတ်ကားအနေနဲ့  အကောင်းဆုံးဇာတ်လမ်းဆု အပြင် Ben Affleck ကအကောင်းဆုံးဒါရိုက်တာဆုကို ရသွားတာပါ။

Lincoln နဲ့  Zero Dark Thirty ဇာတ်ကား တွေဟာ အဲဒီဆုတွေအတွက် တစ်ပြေးခဲ့ တဲ့ ကားတွေဖြစ်ပါတယ် ။ ဒါပေမဲ့  Lincoln ကားမှာ Daniel Day က အကောင်းဆုံး သရုပ်ဆောင် မင်းသားဆု နဲ့  Zero Dark Thirty ကားက Jessica Chastain ကတော့ အကောင်းဆုံး မင်းသမီးဆုတွေ ချိတ်ခဲ့  ပါတယ် ။ အကောင်းဆုံးဟာတေးဂီတ အမျိုးအစား နဲ့  ဟာသ ဇာတ်ကားအတွက် Les Miserables ဇာတ်ကား က ရသွားပြီး အဲဒီကားမှာ မင်းသား Hugh Jackman က အကောင်းဆုံး ဟာသနဲ့  တေးဂီတ သရုပ်ဆောင်ဆုကို ဆွတ်ခူးသွားပါတယ်။

အဲဒီညနေ က ရွှေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲမှာ သမ္မတဟောင်း Bill Clinton က အဖွင့် အမှာစကားပြောပါတယ် ။ ရွှေကမ္ဘာလုံးဆုပေးပွဲကို ဟောလီဝုဒ် နိုင်ငံခြားသတင်းစာ အသင်းအဖွဲ့ ဝင်တွေကမဲပေးရွေးချယ်တာဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆုကို နောက်လအတွင်းပြုလုပ်တော့မဲ့  ဟောလီဝုဒ် ရုပ်ရှင်အကယ်ဒမီဆုနဲ့  တတန်းတည်းအဖြစ် မှတ်ယူကြပါတယ်။
XS
SM
MD
LG