သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံနယ်မြေက စိတ်ကြွဆေး ဘတ်သန်း ၉၀၀ ကျော်ဖိုး ထိုင်းရဲဖမ်းမိ


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။

ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ကိုဖြတ်ပြီး သယ်ဆောင်လာတဲ့စိတ်ကြွဆေး ၄.၇သန်းကျော်ကို ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံ နုကော်ဖနုံပြည်နယ်ထဲမှာ ဖမ်းဆီးမိခဲ့ပါတယ်။ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၉၀၀ကျော် တန်ဖိုးရှိတယ်လို့ဆိုပါတယ်။

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံထိစပ်နေတဲ့ ရွှေတြိဂံဒေသကနေ လာတဲ့စိတ်ကြွဆေးပေါင်း ၄သန်း ကျော်ကို သယ်ဆောင် လာတဲ့ ကားတစီးကို ရပ်တန့် ခိုင်းရာကနေ ကားပေါ်က လူတွေ ထွက်ပြေးသွားတဲ့အတွက် ထိုင်းရဲတွေက ရှာဖွေဖမ်းဆီးခဲ့ရာမှာ အမျိုးသမီးတဦးကိုသာ ဖမ်းဆီမိခဲ့ပါတယ်။

ရဲမှူးကြီး ဖိစစ်ထောင်ဒီနဲ့ တပ်ရင်း ၂၁၀ က တာဝန်ရှိသူတွေ ပူးပေါင်းပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့တာကတော့ စိတ်ကြွဆေးပြား ပေါင်း ၄ သန်းကျော်သယ်ဆောင်လာတဲ့ အနက်ရောင်းကားငယ်တစင်း ကို ရှာဖွေဖို့ အတွက်ရပ်တန့် ခိုင်းရာမှာ ကားပေါ်မှာပါလာသူတွေက ထွက်ပြေးသွားခဲ့ပြီး ခြံတခုထဲမှာ ပုန်းနေတဲ့ အသက် (၃၃)နှစ်အရွယ် အမျိုးသမီးတဦးကိုပဲ ဖမ်းဆိးမိခဲ့တယ်လို့ဆိုပါတယ်။

အခုဖမ်းဆီးမိတဲ့ စိတ်ကြွဆေးပြားတွေဟာ ၉ ၉ ၉ တဆိပ် ပြိုင်ကားပုံ
နဲ့ စထုတ်လုပ်တာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီတံဆိပ်ကတော့ သူတို့ဖမ်းမိတဲ့ တံဆိပ်အသစ်ဖြစ်တယ်လို့ လည်းဆိုပါတယ်။

အခုလိုဖမ်းဆီးနိုင်တာဟာ စိတ်ကြွဆေးပြားတွေ အများအပြား ဝင်ရောက်
လာတယ်ဆိုတဲ့ ကြိုတင်သတင်းရထားခဲ့တာကြောင့် နကော်ဖနုံ
ပြည်နယ် အဝေးပြေးလမ်းမ ၂၁၂ နဲ့ ၂၂၃ လမ်းမတွေမှာ ရဲနဲ့ စစ်တပ်ပူးပေါင်း အဖွဲ့ပိတ်ဆို့ရှာဖွေ နေခဲ့တာလို့ ဆိုပါတယ်။

စိတ်ကြွဆေး အများအပြားသယ်ဆောင်လာတဲ့ တိုယိုတာ အနက်ရောင် ကားကို သြဂုတ်လ ၇ ရက်နေ့ည (၈)နာရီကျော်အချိန်မှ တွေ့ရှိခဲ့တာဖြစ်ပြိး စစ်ဆေးရေးဂိတ်နဲ့ တကီလိုမီတာအကွာမှာ ပဲကားကပြန်ကွေ့ပြီးမောင်းပြေးခဲ့တယ်လို့ လည်း ရဲမူးကြီးက ဆိုပါတယ်။

စစ်တပ်နဲ့ရဲတွေဟာ လမ်းမတွေပိတ်ထားပြီးဖြစ်လို့
မောင်းပြေးလို့မလွတ်တော့တာကြောင့် ကားရပ်ပြီး
မူယစ်ဆေးဝါးသမားတွေက ထွက်ပြေးသွားခဲ့တာကို စစ်တပ်အဖွဲ့ဝင်တွေ က လိုက်လံ
ဖမ်းဆီးတဲ့အခါ ခြုံထဲထဲပုန်းနေတဲ့ အမျိုးသမီးတဦးကို စစ်ဆေးရေးအဖွဲ့တွေက
ရှာ တွေ ခဲ့တာလိုလည်းဆိုပါတယ်။ အဲဒီ အမျိုးသမီးကို ထိမ်းသိမ်းထားပြီး ဆက်လက်စစ်ဆေးနေပါတယ်။

ကာလတန်ဖိုး ဘတ်ငွေ သန်းပေါင်း ၉၀၀ ကျော်ရှိတဲ့ စိတ်ကြွဆေးပြား တွေနဲ့အတူ ဖမ်းဆီးမိတဲ့ အမျိုးသမီးရဲ့ ဘဏ်အကောင့်မှာလည်း ဘတ်ငွေ သန်းချီစာရင်းရှိနေတာကြောင့် ဆက်လက်စစ်ဆေးနေပါတယ်။ ထွက်ပြေးလွတ်မြောက်သွားသူတွေ ဖြစ်တဲ့ မူးယစ်ဂိုဏ်းဝင်တွေ ကို ဆက်လက်ဖေါ်ထုတ်သွားမှာဖြစ်တယ်လို့လည်း သြဂုတ်လ ၈ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းအာဏာပိုင်တွေက ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG