သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆောင်ရွက်မှု ဝန်ကြီး Kerry လက်လျှော့မည်မဟုတ်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဟာ အစ္စရေးလ်နဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက်၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဖြစ်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်တော့မှ အားလျှော့သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

မစ္စတာကယ်ရီဟာ ဗုဒ္ဓဟူးနေ့တုန်းက ဂါဇာအနောက်ဘက်ကမ်းက Bethleheမြို့မှာ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်နဲ့ တွေ့ဆုံပြီး၊ ဒီဒေသမှာ ငြိမ်းချမ်းရေး ရဖို့အတွက် သူရော သမ္မတ အိုဘားမားကပါ ပိုင်းဖြတ်ထားပြီး၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကိုလည်း ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

ပါလက်စတိုင်းမြေပေါ်မှာ အစ္စရေးလ်ဘက် ရွှေ့ပြောင်းအခြေချတဲ့ လုပ်ရပ်တွေကို တရားမဝင်မှုအဖြစ် အမေရိကန်အနေနဲ့ ကန့်ကွက်တယ်လို့လည်း မစ္စတာ ကယ်ရီက ထပ်လောင်းပြောခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ဂျေရုဆလင်အနီးမှာ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင် နတန်ယာဟုတို့ တွေ့ဆုံကြရာမှာတော့၊
နှစ်နိုင်ငံ တည်ရှိရေး အဖြေထုတ်ဖို့ ညှိနှိုင်းမှုတွေဟာ စစ်စစ်မှန်မှန် တိုးတက်မှုတွေ ဖြစ်မလာဘဲ ပျက်ပြယ်ခဲ့တယ်လို့ အစ္စရေးလ် ဝန်ကြီးချုပ်က ပြောပါတယ်။
XS
SM
MD
LG