သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်းသူမဲ့ကား ထုတ်ဖို့ Google ကုမ္ပဏီ စမ်းသပ်


မောင်းသူမဲ့ကား ထုတ်ဖို့ Google ကုမ္ပဏီ စမ်းသပ်
မောင်းသူမဲ့ကား ထုတ်ဖို့ Google ကုမ္ပဏီ စမ်းသပ်

လူတွေမလိုဘဲ ကားတွေကို စက်နှိုးနိုင်၊ မောင်းနိုင်၊ ရပ်နိုင်အောင် Google ကုမ္ပဏီကြီးက စမ်းသပ်နေပါတယ်။ စမ်းသပ်ထားတဲ့ ကား ၇ စီးကို အင်ဂျင်နီယာတွေက မိုင် ၁၄၀,၀၀၀ နီးပါး စမ်းသပ် မောင်းနှင်ပြီးသွားပြီလို့ Google က ပြောပါတယ်။

အကွေ့အကောက်တွေ များလွန်းလို့ နာမည်ကြီးတဲ့ ဆန်ဖရန်စစ္စကိုမြို့က လွမ်ဘာ့ဒ် (Lombard) လမ်း အပါအဝင် ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လမ်းတွေ တော်တော်များများမှာ ကားတွေကို စမ်းသပ် မောင်းနှင်ခဲ့ကြပါတယ်။

လမ်းပေါ်က တခြားကားတွေ ဘယ်နားရှိလဲ သိနိုင်အောင် စမ်းသပ်မော်တော်ကားတွေမှာ Video camera တွေ၊ radar sensor တွေ၊ အကွာအဝေး ခန့်မှန်းတဲ့ laser range finder တွေကို တပ်ဆင်ထားသလို သွားမယ့်လမ်းခရီးမြေပုံ အသေးစိတ်ကိုလည်း ထည့်သွင်း တပ်ဆင်ထားပါတယ်။

ဒီကားတွေဟာ လမ်းပေါ်က ကားအခြေအနေအပေါ် လိုက်ပြီး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် တုံ့ပြန်နိုင်တဲ့အတွက် လူတွေမောင်းတာထက်တောင် ပိုပြီး လုံခြုံစိတ်ချရတယ်လို့ Google က ပြောပါတယ်။

ဒါပေမဲ့ လူမောင်းစရာ မလိုတဲ့ ကားစမ်းမောင်းတဲ့ ခရီးတွေမှာ လိုအပ်ရင် ဝင်ထိန်းမောင်းနိုင်ဖို့ လူတွေလည်း လိုက်ပါသွားခဲ့ပါတယ်။

XS
SM
MD
LG