သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Google ဝန္ထမ္း ၁ ေသာင္းေက်ာ္ေလွ်ာ့မည္


အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာေတြ႔ရတဲ့ ဂူဂဲလ္ကုမၸဏီတံဆိပ္

ဂူဂဲလ္ (Google) နည္းပညာ ကုမၸဏီႀကီးရဲ႕ မိခင္ကုမၸဏီ အယ္ဖာဘတ္ (Alphabet) က ႏိုင္ငံတ၀န္းမွာရွိတဲ့ လုပ္သားအင္အား ၁၂,၀၀၀ ေလွ်ာ့ခ်သြားမယ္လို႔ ဒီကေန႔ ေၾကညာပါတယ္။ ဒါဟာ ကုမၸဏီ ၀န္ထမ္းဦးေရရဲ႕ ၆ % ကို ေလွ်ာ့ခ်သြားမွာပါ။

ၿပီးခဲ့တဲ့ ၂ ႏွစ္တြင္း လုပ္ငန္းေတြ အႀကီးအက်ယ္ ေအာင္ျမင္ခဲ့တာေၾကာင့္ လူသစ္ေတြ ခန္႔ခဲ့ရေပမယ့္ ဒီကေန႔မွာ အေျခအေနက ေျပာင္းသြားၿပီ ျဖစ္တဲ့အေၾကာင္းနဲ႔ ကုမၸဏီရဲ႕ ဆံုးျဖတ္ခ်က္အတြက္ သူအျပည့္အ၀ တာ၀န္ခံသြားမယ္ဆိုတာကို ကုမၸဏီအမႈေဆာင္အရာရွိ Sundar Pichai က ဒီကေန႔ ၀န္ထမ္းေတြကို စာေရးသား ေပးပို႔ခဲ့တာပါ။ အလုပ္ေလွ်ာ့တဲ့အထဲ ပါ၀င္တဲ့ ၀န္ထမ္းေတြကို ႀကိဳတင္အသိေပးၿပီး ျဖစ္ေၾကာင္းနဲ႔ ႏိုင္ငံရပ္ျခားမွာရွိတဲ့ ၀န္ထမ္းေတြေလွ်ာ့ခ်မယ့္ ကိစၥကိုေတာ့ စည္းမ်ဥ္း ဥပေဒေတြက မတူတာေၾကာင့္ အခ်ိန္ယူ လုပ္သြားမယ့္အေၾကာင္း ေျပာပါတယ္။ အေမရိကန္ နည္းပညာကုမၸဏီႀကီးေတြျဖစ္တဲ့ မိုက္ခ႐ိုေဆာ့ဖ္ Microsoft ၊ ေဖ့စ္ဘုတ္ခ္ Facebook ၊ အင္စတာဂရမ္ Instagram ၊ တြစ္တာ Twitter နဲ႔ အြန္လိုင္းအေရာင္းကုမၸဏီ အေမဇုန္ (Amazon) တို႔က ေထာင္နဲ႔ခ်ီတဲ့၀န္ထမ္းေတြ ေလွ်ာ့ခ်ေနခ်ိန္မွာပဲ အခုေနာက္ဆံုး ဂူဂဲလ္ရဲ႕ မိခင္ကုမၸဏီအယ္ဖာဘတ္ကလည္း ၀န္ထမ္းေတြ ေလွ်ာ့ခ်မယ့္အေၾကာင္း ေၾကညာလိုက္တာပါ။

Google ဝန္ထမ္း ၁ ေသာင္းေက်ာ္ေလွ်ာ့မည္
please wait

No media source currently available

0:00 0:00:58 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

Google ဝန်ထမ်း ၁ သောင်းကျော်လျှော့မည်

ဂူဂဲလ် (Google) နည်းပညာ ကုမ္ပဏီကြီးရဲ့ မိခင်ကုမ္ပဏီ အယ်ဖာဘတ် (Alphabet) က နိုင်ငံတဝန်းမှာရှိတဲ့ လုပ်သားအင်အား ၁၂,၀၀၀ လျှော့ချသွားမယ်လို့ ဒီကနေ့ ကြေညာပါတယ်။ ဒါဟာ ကုမ္ပဏီ ဝန်ထမ်းဦးရေရဲ့ ၆ % ကို လျှော့ချသွားမှာပါ။

ပြီးခဲ့တဲ့ ၂ နှစ်တွင်း လုပ်ငန်းတွေ အကြီးအကျယ် အောင်မြင်ခဲ့တာကြောင့် လူသစ်တွေ ခန့်ခဲ့ရပေမယ့် ဒီကနေ့မှာ အခြေအနေက ပြောင်းသွားပြီ ဖြစ်တဲ့အကြောင်းနဲ့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်အတွက် သူအပြည့်အ၀ တာဝန်ခံသွားမယ်ဆိုတာကို ကုမ္ပဏီအမှုဆောင်အရာရှိ Sundar Pichai က ဒီကနေ့ ဝန်ထမ်းတွေကို စာရေးသား ပေးပို့ခဲ့တာပါ။ အလုပ်လျှော့တဲ့အထဲ ပါဝင်တဲ့ ဝန်ထမ်းတွေကို ကြိုတင်အသိပေးပြီး ဖြစ်ကြောင်းနဲ့ နိုင်ငံရပ်ခြားမှာရှိတဲ့ ဝန်ထမ်းတွေလျှော့ချမယ့် ကိစ္စကိုတော့ စည်းမျဉ်း ဥပဒေတွေက မတူတာကြောင့် အချိန်ယူ လုပ်သွားမယ့်အကြောင်း ပြောပါတယ်။ အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ မိုက်ခရိုဆော့ဖ် Microsoft ၊ ဖေ့စ်ဘုတ်ခ် Facebook ၊ အင်စတာဂရမ် Instagram ၊ တွစ်တာ Twitter နဲ့ အွန်လိုင်းအရောင်းကုမ္ပဏီ အမေဇုန် (Amazon) တို့က ထောင်နဲ့ချီတဲ့ဝန်ထမ်းတွေ လျှော့ချနေချိန်မှာပဲ အခုနောက်ဆုံး ဂူဂဲလ်ရဲ့ မိခင်ကုမ္ပဏီအယ်ဖာဘတ်ကလည်း ဝန်ထမ်းတွေ လျှော့ချမယ့်အကြောင်း ကြေညာလိုက်တာပါ။

XS
SM
MD
LG