သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျောက်ဝံကြီးပစ်သတ်ခံရမှု ရဲစုံစမ်း


အမေရိကန်ပြည်ထောင်စု Ohio ပြည်နယ် Cincinnati မြို့က တိရစ္ဆာန်ရုံတခုမှာ မေလ ၂၈ ရက်နေ့က ရှားပါး မျောက်ဝံကြီးတကောင်ကို သတ်ပစ်ခဲ့တာနဲ့ ပတ်သက်ပြီး၊ ရာဇဝတ်မှုနဲ့ အမှု ဖွင့်သင့် မသင့် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်။

Harambe လို့ အမည်ပေးထားတဲ့ အသက် ၁၇ နှစ်အရွယ် ပေါင်ချိန် ၄၀၀ ကျော်ရှိတဲ့ မျောက်ဝံကြီးကို လှောင်ထားတဲ့ နေရာထဲကို အသက် ၄ နှစ်အရွယ် ကလေးယောကျာ်းလေး တယောက် ပြုတ်ကျသွားခဲ့ပြီးနောက် အန္တရာယ်ပေးမှာ စိုးရိမ်ပြီး တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက မျောက်ဝံကြီးကို ပစ်သတ်ခဲ့တာပါ။

ဒီအဖြစ်အပျက်အားလုံးကို လက်ကိုင်ဖုန်းကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဗွီဒီယိုပျံ့နှံ့သွားပြီးနောက် ကမ္ဘာတဝန်း တိရစ္ဆာန်ကြင်နာသူတွေကြား အမျက်ဒေါသ ထွက်ခဲ့ကြပါတယ်။ အဖြစ်အပျက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မြို့နယ်အစိုးရရှေ့နေတွေဆီ ပေးပို့နိုင်ဖို့ စုဆောင်းနေပြီလို့ ရဲက ပြောပါတယ်။

မျောက်ဝံကြီးပစ်သတ်ခံရမှု ရဲစုံစမ်း
please wait

No media source currently available

0:00 0:00:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG