သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ထိုးစစ်ရပ်ဖို့ အစိုးရ ကြေညာ


KIA, Kachin Independent Army and All Burma Students Democratic Front forces tried to take back Bum Lwi Post hill from Myanmar Army. (January 1st, 2013) Photo/ABSDF
KIA, Kachin Independent Army and All Burma Students Democratic Front forces tried to take back Bum Lwi Post hill from Myanmar Army. (January 1st, 2013) Photo/ABSDF
မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကချင်လက်နက်ကိုင် တပ်တွေအပေါ် ထိုးစစ်တွေ ဆင်နွှဲနေတာကို စနေနေ့ မနက်ကစပြီး ရပ်ဆိုင်းမှာ ဖြစ်တဲ့အကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှုကြောင့် လက်တုန့်ပြန်တဲ့ အနေနဲ့ နယ်မြေရှင်းလင်းမှုတွေကို လုပ်ဆောင်ခဲ့တာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အခုအခါ ရည်ရွယ်ထားတဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ပြီ ဖြစ်တာကြောင့် ထိုးစစ်တွေ ရပ်မှာ ဖြစ်တဲ့အကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သောကြာနေ့ နှောင်းပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ကချင်လက်နက်ကိုင် တပ်တွေက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ဒီနှစ်ဆန်းပိုင်းအထိ မြန်မာစစ်တပ်ကို တိုက်ခိုက်မှုတွေ၊ အရပ်သားတွေကို ပစ်ခတ် လုယက်တာတွေနဲ့ လမ်းတံတားတွေ ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

တိုက်ပွဲပေါင်း ၁၀၀၀ ကျော် ဖြစ်ပွားပြီး လေကြောင်းက အကူအညီနဲ့ တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုခဲ့ပေမဲ့ ဒါဟာ ပစ်မှတ်ကို တိတိကျကျ ထိမှန်အောင် ရည်ရွယ်တာလို့လည်း ပြောခဲ့တာပါ။ မြန်မာအစိုးရ အနေနဲ့ ပဋိပက္ခတွေကို ဆွေးနွေး အဖြေရှာဖို့ ဆက်လက် ဆန္ဒရှိကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။ ပဋိပက္ခတွေ ကြီးထွားလာတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းက စိုးရိမ်မှုတွေနဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ အစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ မနေ့တုန်းကလည်း တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်ဆံတွေ နယ်စပ်ဖြတ်ကျော် ကျရောက်ခဲ့တဲ့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံကလည်း အပြင်းအထန် ကန့်ကွက်လိုက်ပြီး၊ ပဋိပက္ခတွေကို ညှိနှိုင်းဖြေရှင်းဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့ အစောပိုင်းမှာတော့ ကြီးထွားလာနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်စေမယ့် အစီအစဉ်တွေကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်အတွင်း အရေးပေါ် အဆိုတရပ်ကို တခဲနက် အတည်ပြု ခဲ့ကြတာပါ်။ စစ်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ရှေ့ရှုတဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ ကချင်ပြည်နယ် အင်ဂျန်းယန် မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ အဆိုတရပ် တင်သွင်းခဲ့တာကို လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG