သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာသတင်းလွတ်လပ်ခွင့် အခြေအနေ မီဒီယာသမားတွေ စိတ်ပျက်


ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အတွက် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (Free Expression Myanmar) စစ်တမ်း

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ စိတ်ပျက် အားလျော့စရာဖြစ်တယ်လို့ မြန်မာနိုင်ငံက သတင်းမီဒီယာသမားတွေက ပြောကြားခဲ့ကြပါတယ်။ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အတွက် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (Free Expression Myanmar) က မြန်မာနိုင်ငံတဝန်းက သတင်းထောက်တွေရဲ့ သဘောထားအမြင်တွေကို ကောက်ခံပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ခုလိုပြောထားကြတာဖြစ်ပါတယ်။

ခြိမ်းခြောက်ခံနေရသော မြန်မာ့မီဒီယာလွတ်လပ်ခွင့်ဆိုတဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ဆုတ်ယုတ်ကျဆင်းနေပြီး အဓိကအကြောင်းက အစိုးရနဲ့ စစ်တပ်ကြောင့်ဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ သတင်းသမားတွေအပေါ် ဥပဒေပိုင်းအရဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ အကြမ်းဖက်မှုတွေ တိုးလာနေတယ်လို့ စိုးရိမ်စွာ ယုံကြည်နေကြတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မီဒီယာလွတ်လပ်ခွင့် ဆုတ်ယုတ်လာမှုနဲ့ အကြမ်းဖက်မှုတွေအပေါ် အစိုးရနဲ့ တရားရုံးတွေဖက်က ကြိုးစားဖြေရှင်းပေးမှု အလွန်နည်းတယ်လို့လည်း စစ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။ အထိကရုဏ်းဖြစ်တဲ့နေရာတွေ၊ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ လွတ်လပ်စွာ သွားရောက် သတင်းယူနိုင်တဲ့အခြေအနေလည်း ကျဆင်းလာတယ်လို့ စစ်တမ်းမှာပါဝင်တဲ့ သတင်းသမားတွေက ပြောကြပါတယ်။

ဒီအစီရင်ခံစာကို ၂၀၁၇ ခုနှစ် December ကနေ ၂၀၁၈ ဧပြီလအထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်တမ်းကောက်ခံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာစာနယ်ဇင်းသမဂ္ဂ၊ PEN မြန်မာ၊ BNI၊ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ စတဲ့ သတင်းမီဒီယာအဖွဲ့အစည်းအစုံနဲ့ ပူးပေါင်း စစ်တမ်းကောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တိုးတက်လာဖို့အတွက် တရားဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အလေးပေးဆောင်ရွက်ဖို့လည်း စစ်တမ်းထဲမှာ အကြံပြုတိုက်တွန်းထားပါတယ်။ ဒါတင်မက သတင်းမီဒီယာသမား တဦးတယောက်ကိုမှ ရာဇဝတ်ကြောင်းအရ တိုင်ကြားအရေးယူခြင်း မရှိစေဖို့၊ သတင်းသမားတွေအပေါ် အကြမ်းဖက်တယ်လို့ စွပ်စွဲထားမှုအားလုံးကို ထိထိရောက်ရောက်နဲ့ ဘက်လိုက်မှုမရှိ စုံစမ်းစစ်ဆေးဖို့လည်း လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းပါတယ်။

ပဋိပက္ခဖြစ်ပွားတဲ့ ဒေသမှာ သတင်းရယူနိုင်ခွင့် ပိတ်ပင်တားဆီးထားတာအားလုံးကို ဖယ်ရှားပေးဖို့နဲ့ သတင်းသမားတွေအတွက် လိုအပ်တာတွေ ဆောင်ရွက်ပေးဖို့ နိုင်ငံတော်ဒေသအားလုံးကို အမိန့်ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG