သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘတ်ဂျက်သဘောကွဲလွဲမှု ကန်အစိုးရလုပ်ငန်းတချို့ရပ်ဆိုင်း


အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းအတွက် အထက်လွှတ်တော်ဆက်လက် အလုပ်လုပ်နေချိန် (ဒီဇင်ဘာ ၂၁၊ ၂၀၁၈)
အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းအတွက် အထက်လွှတ်တော်ဆက်လက် အလုပ်လုပ်နေချိန် (ဒီဇင်ဘာ ၂၁၊ ၂၀၁၈)

အမေရိကန်သမ္မတ Donald Trump တောင်းဆိုထားတဲ့ အစိုးရအသုံးစရိတ်ကို လွှတ်တော်က အချိန်မီ အတည်ပြုမပေးနိုင်ခဲ့တဲ့အတွက် မဖြစ်မနေ ဆက်ရှိနေရမယ့် ဌာနတွေကလွဲလို့ အမေရိကန် ပြည်ထောင်စု အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ စတင် ရပ်ဆိုင်းသွားပါပြီ။

ဝါရှင်တန်စံတော်ချိန် စနေနေ့ထဲကို စတင်ဝင်ရောက်ခဲ့တဲ့ အချိန်ကစလို့ ပြည်ထောင်စုအစိုးရ လုပ်ငန်းရဲ့လေးပုံ တပုံ ပမာဏအတွက် လက်ကျန် ရံပုံငွေတွေ ကုန်ဆုံးသွားတာဖြစ်ပါတယ်။ အခုလို အစိုးရ ယန္တရားတွေ ရပ်ဆိုင်းကုန်တာကြောင့် အစိုးရဝန်ထမ်း ၈ သိန်းလောက်အတွက် အခက် အခဲဖြစ်စေပြီး အဲဒီသူတွေထဲက တဝက်ကျော်ဟာ လစာမရဘဲ အလုပ်ဆက်လုပ်နေကြရတာပါ။

သမ္မတ Donald Trump က အမေရိကန် မက္ကဆီကို နယ်စပ်တလျှောက် နယ်စပ်တံတိုင်းကာရံဖို့ အတွက် တောင်းခံထားတဲ့ ကုန်ကျမယ့်ငွေ ဒေါ်လာ ၅ ဘီလျံ ပါဝင်တဲ့ အစိုးရအသုံးစရိတ်ကို အမေရိကန် အထက်နဲ့ အောက်လွှတ်တော်မှာ သောကြာနေ့ သန်းခေါင်ယံအထိ အတည်ပြု ချမှတ်မပေးနိုင်ခဲ့ပါဘူး။

အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဒီမိုကရက်အထက်လွှတ်တော်အမတ် Chuck Schumer နဲ့ ဇန်နဝါရီလမှာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် စပြီး တာဝန်ယူမယ့် ဒီမိုကရက် အထက်လွှတ်တော်အမတ် Nancy Pelosi တို့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ အစိုးရရဲ့လုပ်ငန်းဆောင်တာတွေ ဆက်ပြီး လည်ပတ်နိုင်ဖို့ ရီပတ်ဘလစ်ကန်တွေကို ဒီမိုကရက်တွေ ဘက်က အသုံးစရိတ်နဲ့ပတ်သက်တဲ့ အဆိုပြုချက် အချို့ကို ကမ်းလှမ်းခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ အဲဒီထဲမှာ အထက်လွှတ်တော်ကနေ တခဲနက် အတည်ပြု ပေးခဲ့တဲ့ အသုံးစရိတ် တခုလည်း ပါဝင်ပြီး အဲဒီအသုံးစရိတ်ထဲမှာ အလုပ်သိပ်မဖြစ်သလို အကုန်အကျလည်း များတဲ့ နယ်စပ်တံတိုင်း ကာရံဖို့ အသုံးစရိတ် မပါဝင်ပေမယ့် နယ်စပ်လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေအတွက် အသုံးစရိတ်ပါဝင်ပါတယ်။

သောကြာနေ့မှာပဲ ထရမ့်က အစိုးရယန္တရားတွေကို ရပ်ဆိုင်းပစ်မှာဖြစ်ပြီး တခြားနည်းလမ်းမရှိဘူးလို့ ပြောပါတယ်။ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးပွဲတွေအတွင်း အမေရိကန်၊ မက္ကဆီကို နယ်စပ်တလျှောက် တံတိုင်းကာရံမှာဖြစ်ပြီး ဒီတံတိုင်းအတွက် ကုန်ကျငွေကို မက္ကဆီကို ဘက်က ပေးလိမ့်မယ်ဆိုပြီး ထရမ့်က သူ့ကိုထောက်ခံသူတွေကို ပြောဆို စည်းရုံးခဲ့ပါတယ်။

please wait

No media source currently available

0:00 0:01:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG