သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀င်ငွေခွန်ရှောင်ကမ္ဘာ့နံမည်ကျော်တွေကို အရေးယူမည်


၀င်ငွေခွန်ရှောင်သူတွေအကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည် ICIJ အဖွဲ့ Website.
၀င်ငွေခွန်ရှောင်သူတွေအကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည် ICIJ အဖွဲ့ Website.

ICIJ လို့ခေါ်တဲ့ နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး သတင်းထောက်များအဖွဲ့က ထုတ်ပြန်လိုက်တဲ့ Panama Papers လို့ခေါ်တဲ့ အစီရင်ခံစာကြီးအပေါ် ချက်ခြင်း တုန့်ပြန်မှုအနေနဲ့ - ပိုင်ဆိုင်မှုတွေကို လျှို့ဝှက်ထားပြီး ဝင်ငွေခွန် ပေးဆောင်မှု ရှောင်ရှားနိုင်ဖို့ ပြည်ပမှာ ဘဏ်စာရင်းတွေ ဖွင့်လှစ်ထားကြတဲ့ ချမ်းသာကြွယ်ဝသူတွေ၊ အာဏာရှိကြသူတွေနဲ့ ကမ္ဘာ့နံမည်ကြီး ပုဂ္ဂိုလ်တွေကို အရေးယူနိုင်ဖို့ လိုက်လံ စုံစမ်း စစ်ဆေးမယ်လို့ ကမ္ဘာ့တဝှမ်းရှိ အစိုးရတွေက အလေးအနက် ပြောကြားလိုက်ပါတယ်။

ကိုယ်ဘယ်သူဖြစ်တယ်ဆိုတာကို ဖုန်းကွယ်လိုသူတွေအတွက် ပြည်ပနိုင်ငံ အများအပြားမှာ ကုမ္ပဏီအတုတွေ လျှို့ဝှက် တည်ထောင်ပေးတဲ့ လုပ်ငန်းဟာ အင်မတန် လွယ်ကူတာကို တွေ့ရှိရကြောင်း၊ ဒါဟာ သူတို့ရဲ့ ငွေတွေကို ဖုန်းကွယ်ဖို့အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း Transparency International လို့ခေါ်တဲ့ နိုင်ငံတကာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က Maggie Murphy က ပြောပါတယ်။

အခုလို ထုတ်ဖော် ကြေညာချက်တွေကို ရုရှားအစိုးရက ဖြစ်တင် ရှုတ်ချလိုက်ပြီး အချက်အလက် အများစုဟာ သမ္မတ Vladimir Putin ကို အဓိက ပစ်မှတ်ထားတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ပနားမားနိုင်ငံ အခြေစိုက် Mossack Fonseca ဥပဒေ အကျိုးဆောင်အဖွဲ့ထံက ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းပေါင်း ၁၁ သန်းခွဲကျော်ကို စိစစ်ရာမှာ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ CIA ဗဟိုထောက်လှမ်းရေးဌာနက အရာရှိဟောင်းတွေက ကူညီခဲ့တယ်လို့လည်း ရုရှားအစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ အစီရင်ခံစာအရ သမ္မတနဲ့ ပူတင်နဲ့ အပေါင်းပါတွေဟာ နှစ်ပေါင်း မျာစွာအတွင်း ပြည်ပမှာ ဖွင့်ထားတဲ့ ဘဏ်စာရင်းတွေကတဆင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ နီးပါးကို ရွေ့ပြောင်းခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif ရဲ့ မိသားစုကတော့ ပြည်ပမှာဖွင့်ထားတဲ့ ကုမ္ပဏီတွေနဲ့ မြေယာ ပိုင်ဆိုင်မှုတွေကို ကာကွယ် ပြောဆိုခဲ့ပြီး အခုလို စီးပွားရေး လုပ်ကိုင်ရာမှာ ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG