သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံပါတီဝင်ကို ပထမဆုံးအကြိမ် အစိုးရက ဒုဝန်ကြီးခန့်


အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ တင်ရွှေ
အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ တင်ရွှေ
NDF အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု အမျိုးသားလွှတ်တော် အမတ် ဒေါက်တာတင်ရွှေ ကို ဟိုတယ်နဲ့ ခရီးသွားလာရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း မြန်မာအစိုးရ က ကြေညာပါတယ်။ အင်္ဂါနေ့တုန်းက သမ္မတ ဦးသိန်းစိန် ကနေ သူ့အစိုးရအဖွဲ့အတွက် ဒုဝန်ကြီး ၅ ဦး ကြေညာသွားရာမှာ တဦးအပါအဝင်ဖြစ်ပါတယ်။

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်အနေနဲ့ အတိုက်အခံပါတီ အမတ်တယောက်ကို အစိုးရအဖွဲ့အတွင်း ပထမဆုံးအကြိမ် ဝန်ကြီးအဖွဲ့ဝင်အဖြစ် လက်ခံလိုက်တာဖြစ်ပါတယ်။ ဒေါက်တာတင်ရွှေ ဟာ ရန်ကုန်တိုင်းဒေသကြီး အမျိုုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၆ က ရွေးကောက်ပွဲ ဝင်ခဲ့သူ ဖြစ်ပါတယ်။

NDF ပါတီကတော့ အခုလို ပါတီဝင်တယောက် ဝန်ကြီးအဖွဲ့မှာ ပါဝင်လာအောင် အစိုးရနဲ့ တစုံတရာ ကြိုတင်ညှိနှိုင်းတာမျိုး မရှိခဲ့ဘူးလို့ ပြောဆိုတာကို AFP သတင်းမှာ ဖော်ပြထားပါတယ်။ ဒီလို ပါတီဝင်တယောက် အစိုးရအဖွဲ့မှာ ပါဝင်လာတဲ့အတွက် အစိုးရပြောသမျှ လိုက်နာမယ့် သဘောမျိုး ဖြစ်မှာမဟုတ်ဘဲ၊ အတိုက်အခံပါတီတခုအနေနဲ့ ပြည်သူတွေ လက်မခံတဲ့ကိစ္စတွေကို ဆက်ပြီး ဆန့်ကျင်သွားမယ်လို့လည်း NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

NDF ပါတီဟာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအတွင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့ ဦးစီးပြီး ရွေးကောက်ပွဲဝင်ဖို့ သီးခြားထူထောင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။
XS
SM
MD
LG