သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံအတွင်းက နေရာဒေသ အတော်များများမှာ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေအတွင်း ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ရာက ပျက်ဆီး ဆုံးရှုံးမှုတွေ ကြီးမားစွာ ဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေမှာ ရေတို၊ ရေရှည် စီမံကိန်းတွေ ချမှတ်ပြီး ပြန်လည် ထူထောင်ရေးအတွက် အစိုးရက ကော်မီတီဖွဲ့ လုပ်ဆောင်နေတာမှာ အသေးစိတ် အစီအစဉ်တွေကို အခုချိန်မှာ ရေးဆွဲနေဆဲဖြစ်ပြီး အခုလမကုန်ခင်မှာ အသေးစိတ် အစီအစဉ်တွေ ချမှတ်နိုင်လိမ့်မယ်လို့ ပြန်လည်ထူထောင်ရေးပူးပေါင်း ဆောင်ရွက်ရေးကော်မီတီ အတွင်းရေးမှူး ဦးကျော်လင်းက ပြောပါတယ်။ မြန်မာနိုင်ငံ အစိုးရက ဦးဆောင်ပြုလုပ်နေတဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဦးကျော်လင်းကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း - ၁ အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG