သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Grab အငှားယာဉ်ဝန်ဆောင်မှု ရန်ကုန်မှာစတင်


 Grab တက္ကစီလုပ်ငန်း
Grab တက္ကစီလုပ်ငန်း

အရှေ့တောင်အာရှ ဒေသက တက္ကစီအငှားကားဝန်ဆောင်မှု လုပ်ငန်းတွေမှာ နာမည်ကျော် Uber ကုမ္ပဏီနဲ့ အဓိကပြိုင်ဖက်ဖြစ်တဲ့ Grab ကုမ္ပဏီက မြန်မာနိုင်ငံမှာ ဒီကနေ့ပဲ လုပ်ငန်းတွေ စတင်လိုက်ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အငှားယာဉ်မောင်းသမားတချို့နဲ့ ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲခဲ့တာဖြစ်ပြီး၊ လုပ်ငန်းတွေကို တဖြည်းဖြည်း တိုးမြှင့်သွားမယ်လို့လည်း ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှဒေသမှာ ၇ နိုင်ငံမြောက်အဖြစ်၊ ရန်ကုန်မှာ ဒီကနေ့စတင်လိုက်တဲ့ Grab တက္ကစီလုပ်ငန်းဟာ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ်တွေမှာလည်း လုပ်ငန်းတွေ လုပ်ကိုင်နေကြတာပါ။

လုပ်ငန်းအစအဖြစ် ရန်ကုန်မြို့မှာ စတင်ပြေးဆွဲရာမှာ ယာဉ်မောင်းတွေရဲ့ ဝန်ဆောင်မှုနဲ့ တက္ကစီကားတွေ ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်မီဖို့ အဓိက အာရုံစိုက် ဆောင်ရွက်သွား မှာဖြစ်ကြောင်းလည်း ကုမ္ပဏီရဲ့ ဈေးကွက်ဆိုင်ရာ ဒုဥက္ကဋ္ဌ Cheryl Goh က ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။

Grab တက္ကစီလုပ်ငန်းရဲ့ အဓိကပြိုင်ဘက်လည်းဖြစ်၊ အရှေ့တောင်အာရှ နိုင်ငံ ၆ နိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Uber ကတော့၊ လတ်တလော မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ မရှိသေးပေမဲ့၊ မကြာခင်မှာ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG