သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ Grammy တေးဂီတဆု ချီးမြင့်


၂၀၁၆ ဂရမ်မီ ဂီတဆုချီးမြှင့်ပွဲမှာ Taylor Swift က 1989 တေးဓါတ်ပြားနဲ့ အကောင်းဆုံး Pop တေးဓာတ်ပြားဆုတွေ ရရှိ
၂၀၁၆ ဂရမ်မီ ဂီတဆုချီးမြှင့်ပွဲမှာ Taylor Swift က 1989 တေးဓါတ်ပြားနဲ့ အကောင်းဆုံး Pop တေးဓာတ်ပြားဆုတွေ ရရှိ

အမေရိကန်ပြည်ထောင်စု Los Angeles မှာ မနေ့ညက ကျင်းပတဲ့ ၂၀၁၆ ဂရမ်မီ ဂီတဆုချီးမြှင့်ပွဲမှာ Taylor Swift က 1989 တေးဓါတ်ပြားနဲ့ ဒီနှစ်အတွက် အကောင်းဆုံးတေးဓါတ်ပြားဆု၊ အကောင်းဆုံး Pop တေးဓာတ်ပြားဆုတွေ ရရှိသွားပါတယ်။

Kendrick Lamar နဲ့ ပေါ့ဂီတအဆိုကျော် Taylor Swift တို့ဟာ Bad Blood ဆိုတဲ့ SWIFT သီချင်းဗွီဒီယိုနဲ့ ဂရမ်မီဆုရခဲ့ပါတယ်။ Out of the woods ဆိုတဲ့ တေးသီချင်းကို Swift ကသီဆိုပြီး ဂရမ်မီဂီတဆုပေးပွဲကို စတင်ခဲ့တာပါ။

ဂရမ်မီတေးသီချင်းဆုကို Thinking Out Loud ဆိုတဲ့ သီချင်းနဲ့ Ed Sheeran နဲ့ Amy Wadge တို့ ရရှိသွားပါတယ်။ Ed Sheeran ဟာ POP ဂီတ တကိုယ်တော် ဖျော်ဖြေမှုအကောင်းဆုံးဆုကိုလည်း ရရှိခဲ့ပါတယ်။ အကောင်းဆုံး အနုပညာရှင်သစ်ဆုကိုတော့ POP အဆိုတော် Meghan Trainor က ရရှိသွားပြီး၊ Kendrick Lamar ကတော့ အကောင်းဆုံး RAP ဂီတဓါတ်ပြားဆု ရရှိသွားပါတယ်။

လူနည်းစုဝင် လူငယ်တွေကို ပံ့ပိုးမှုပေးတဲ့ သမ္မတ ဘရက်အိုဘားမားရဲ့ အစီအစဉ်တခုကို အတူပူးတွဲလုပ်ဆောင်ဖို့ Lamar ဟာ သမ္မတနဲ့လည်း လွန်ခဲ့တဲ့လက တွေ့ဆုံခဲ့ပါတယ်။ မနေ့ညကကျင်းပသွားတဲ့ ဂီတဆုပေးပွဲမှာတက်ရောက်နေတဲ့ တောက်ပတဲ့အနာဂါတ်ကို တည်ဆောက်နေသူ Lamar အပါအဝင် အနုပညာရှင်တွေကို အိမ်ဖြူတော်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

XS
SM
MD
LG