ကမာၻ႔ဂီတေလာကအတြက္ အေရးအႀကီးဆုံးျဖစ္တဲ့ ဂရမ္မီ ဆုေပးပြဲကို အေမရိကန္ႏိုင္ငံ၊ Los Angeles ၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၅ ရက္၊ တနဂၤေႏြေန႔ညက က်င္းပခဲ့တာမွာ အေမရိကန္ Pop အဆိုေတာ္ Beyoncé က တဦးထဲ ဂရမ္မီဆုအမ်ားဆုံးနဲ႔ စံခ်ိန္ခ်ိဳးလိုက္ပါတယ္။
တနဂၤေႏြေန႔ညက က်င္းပတဲ့ ၆၅ ႀကိမ္ေျမာက္ ဆုေပးပြဲမွာ Beyoncé က တဦးထဲ ၄ ဆုရရွိသြားတဲ့အတြက္ အရင္ရွိခဲ့တဲ့ တဦးခ်င္း အမ်ားဆုံးဆု ၃၁ ကို ေက်ာ္ၿပီး စုစုေပါင္း ဂရမ္မီဆု ၃၂ ခု ရရွိသူအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ တႏွစ္တာအတြက္ အေရးအႀကီးဆုံးဆုလို႔ ေျပာလို႔ရႏိုင္တဲ့ အေကာင္းဆုံး Album ဆုကိုေတာ့ ၿဗိတိန္ Pop အဆိုေတာ္ Harry Style က “Harry’s House” နဲ႔ ရရွိသြားခဲ့ပါတယ္။
အေကာင္းဆုံး Record ဆုကို အေမရိကန္ အဆိုေတာ္ Lizzo, အေကာင္းဆုံး ေက်းလက္ေတးဂီတ Album အတြက္ Willie Nelson နဲ႔ အေကာင္းဆုံး ေတးသီခ်င္းဆုကို Bonny Raitt တို႔က အသီးသီး ရရွိသြားသလို တျခား ပရိတ္သတ္အမ်ားစုက ဒီႏွစ္မွာ ဂရမ္မီဆုရလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားခဲ့ၾကတဲ့ အဆိုေတာ္ေတြျဖစ္တဲ့ Adele, Sam Smith, Kendrick Lamar တို႔ အပါအဝင္ တျခား နာမည္ႀကီး အေတာ္မ်ားမ်ားလည္း ဆုအသီးသီး ရရွိခဲ့ၾကပါတယ္။
၂၀၂၃ ဂရမ္မီဆုအတြက္ အထူးျခားဆုံးျဖစ္စဥ္တခုကေတာ့လက္ရွိ အီရန္မွာျဖစ္ေပၚေနတဲ့ အစိုးရဆန႔္က်င္ေရး ၿငိမ္းခ်မ္းစြာ ဆႏၵျပပြဲသူေတြအတြက္ ႏိုင္ငံေတာ္သီခ်င္းလို ျဖစ္လာခဲ့တဲ့ အီရန္အဆိုေတာ္ Shervin Hajipour (ရွာဗင္ ဟာဂ်ီပူးရ္) ဟာ အခုႏွစ္အတြက္ လူမႈ ေျပာင္းလဲမႈေတြျဖစ္ေပၚလာေအာင္ လုပ္ေဆာင္ေပးႏိုင္တဲ့သီခ်င္းအျဖစ္နဲ႔ ဂရမ္မီဆု ဆြတ္ခူးရရွိသြားတာဘဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ - “လမ္းမေတြေပၚကခုန္ျခင္း” လို႔ အဓိပၸါယ္ရတဲ့ Baraye (ဘာရာေယး) ဆိုတဲ့သီခ်င္း ဂရမ္မီဆု ရရွိတဲ့အေၾကာင္းကိုအေမရိကန္သမၼတကေတာ္ Jill Biden ကိုယ္တိုင္ ေၾကညာေပးခဲ့တာပါ။ ဆႏၵျပပြဲေတြမွာ သူ႔သီခ်င္းကို အဓိကအသုံးျပဳေနတဲ့အတြက္ Shervin Hajipour ဟာ အီရန္မွာ အက်ဥ္းခ်ခံရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။
[Unicode]
ဂရမ်မီဆုပေးပွဲမှာ Beyoncé က တဦးထဲ ဆုအများဆုံးရရှိသူအဖြစ် စံချိန်တင်
ကမ္ဘာ့ဂီတလောကအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဂရမ်မီ ဆုပေးပွဲကို အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ဖေဖော်ဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့ညက ကျင်းပခဲ့တာမှာ အမေရိကန် Pop အဆိုတော် Beyoncé က တဦးထဲ ဂရမ်မီဆုအများဆုံးနဲ့ စံချိန်ချိုးလိုက်ပါတယ်။
တနင်္ဂနွေနေ့ညက ကျင်းပတဲ့ ၆၅ ကြိမ်မြောက် ဆုပေးပွဲမှာ Beyoncé က တဦးထဲ ၄ ဆုရရှိသွားတဲ့အတွက် အရင်ရှိခဲ့တဲ့ တဦးချင်း အများဆုံးဆု ၃၁ ကို ကျော်ပြီး စုစုပေါင်း ဂရမ်မီဆု ၃၂ ခု ရရှိသူအဖြစ် စံချိန်တင်ခဲ့ပါတယ်။ တနှစ်တာအတွက် အရေးအကြီးဆုံးဆုလို့ ပြောလို့ရနိုင်တဲ့ အကောင်းဆုံး Album ဆုကိုတော့ ဗြိတိန် Pop အဆိုတော် Harry Style က “Harry’s House” နဲ့ ရရှိသွားခဲ့ပါတယ်။
အကောင်းဆုံး Record ဆုကို အမေရိကန် အဆိုတော် Lizzo, အကောင်းဆုံး ကျေးလက်တေးဂီတ Album အတွက် Willie Nelson နဲ့ အကောင်းဆုံး တေးသီချင်းဆုကို Bonny Raitt တို့က အသီးသီး ရရှိသွားသလို တခြား ပရိတ်သတ်အများစုက ဒီနှစ်မှာ ဂရမ်မီဆုရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတဲ့ အဆိုတော်တွေဖြစ်တဲ့ Adele, Sam Smith, Kendrick Lamar တို့ အပါအဝင် တခြား နာမည်ကြီး အတော်များများလည်း ဆုအသီးသီး ရရှိခဲ့ကြပါတယ်။
၂၀၂၃ ဂရမ်မီဆုအတွက် အထူးခြားဆုံးဖြစ်စဉ်တခုကတော့လက်ရှိ အီရန်မှာဖြစ်ပေါ်နေတဲ့ အစိုးရဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲသူတွေအတွက် နိုင်ငံတော်သီချင်းလို ဖြစ်လာခဲ့တဲ့ အီရန်အဆိုတော် Shervin Hajipour (ရှာဗင် ဟာဂျီပူးရ်) ဟာ အခုနှစ်အတွက် လူမှု ပြောင်းလဲမှုတွေဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးနိုင်တဲ့သီချင်းအဖြစ်နဲ့ ဂရမ်မီဆု ဆွတ်ခူးရရှိသွားတာဘဲ ဖြစ်ပါတယ်။ သူ့ရဲ့ - “လမ်းမတွေပေါ်ကခုန်ခြင်း” လို့ အဓိပ္ပါယ်ရတဲ့ Baraye (ဘာရာယေး) ဆိုတဲ့သီချင်း ဂရမ်မီဆု ရရှိတဲ့အကြောင်းကိုအမေရိကန်သမ္မတကတော် Jill Biden ကိုယ်တိုင် ကြေညာပေးခဲ့တာပါ။ ဆန္ဒပြပွဲတွေမှာ သူ့သီချင်းကို အဓိကအသုံးပြုနေတဲ့အတွက် Shervin Hajipour ဟာ အီရန်မှာ အကျဉ်းချခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။