သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရမ်မီဆုပေးပွဲမှာ တနှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆု Beyoncé ရရှိ


၆၇ ကြိမ်မြောက် အမေရိကန်တေးဂီတ Grammy ဆုပေးပွဲမှာ တနှစ်တာအကောင်းဆုံးအယ်လ်ဘန်ဆုရရှိသွားတဲ့ လူမည်း ပေါ့အဆိုတော့ Beyonce'
၆၇ ကြိမ်မြောက် အမေရိကန်တေးဂီတ Grammy ဆုပေးပွဲမှာ တနှစ်တာအကောင်းဆုံးအယ်လ်ဘန်ဆုရရှိသွားတဲ့ လူမည်း ပေါ့အဆိုတော့ Beyonce'

အမေရိကန်က Grammy ဂီတထူးချွန်ဆုပေးပွဲမှာ နာမည်ကျော်အမျိုးသမီး Pop အဆိုတော် Beyoncé က Cowboy Carter နဲ့ တနှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုကို ရရှိသွားပါတယ်။

California ပြည်နယ်၊ Los Angeles မြို့မှာ မနေ့ တနင်္ဂနွေနေ့ညက ကျင်းပခဲ့တဲ့ ၆၇ ကြိမ်မြောက် Grammy ဂီတထူးချွန်ဆုပေးပွဲမှာ အမြင့်ဆုံးဆု ရရှိသွားတာပါ။

Grammy ဆုပေးပွဲသမိုင်းတလျှောက် ဆုအများဆုံးရရှိဖူးသူလည်းဖြစ်၊ အများဆုံး ဆန်ခါတင် ရွေးချယ်ခံရသူလည်းဖြစ်တဲ့ Beyoncé ဟာ အမြင့်ဆုံးဆုအတွက် အရင်ကလည်း လျာထားခံရဖူးပေမဲ့ ဆုနဲ့လွဲခဲ့သူ ဖြစ်ပါတယ်။ Beyoncé ဟာ အဲဒီ Cowboy Carter သီချင်းနဲ့ပဲ အကောင်းဆုံး အမေရိကန် ကျေးလက်တေးဂီတ အယ်လ်ဘမ်ဆုကိုလည်းဆွတ်ခူးရရှိခဲ့ပြီး နာမည်ကျော် အဆိုတော် Taylor Swift က ဆုချီးမြှင့်ခဲ့တာပါ။

တနှစ်တာအကောင်းဆုံးအယ််လ်ဘန်ဆုလက်ခံယူနေတဲ့ Beyonce' (ဖေဖေါ်ဝါရီ ၂၊ ၂၀၂၅)
တနှစ်တာအကောင်းဆုံးအယ််လ်ဘန်ဆုလက်ခံယူနေတဲ့ Beyonce' (ဖေဖေါ်ဝါရီ ၂၊ ၂၀၂၅)

Cowboy Carter နဲ့ တနှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုရရှိလိုက်တဲ့အတွက် Beyoncé ဟာ ၂၁ ရာစုနှစ်အတွင်း Grammy ထိပ်တန်းဆုကို ဆွတ်ခူးတဲ့ ပထမဆုံးလူမည်း အမျိုးသမီးအဆိုတော် ဖြစ်လာခဲ့ပါတယ်။

Hip Hop အဆိုတော် Kendrick Lamar ကတော့ Not Like Us ဆိုတဲ့သီချင်းနဲ့ တနှစ်တာအတွက် အကောင်းဆုံးသီချင်းနဲ့ အကောင်းဆုံး သီဆို ဖျော်ဖြေမှုနဲ့ ထုတ်လုပ်မှုဆုကို ရရှိသွားပါတယ်။ လူငယ် အမျိုးသမီးအဆိုတော် Sabrina Carpenter ကတော့ Short N’ Sweet သီချင်းနဲ့ အကောင်းဆုံး မျက်နှာသစ်အဆိုတော်ဆုကို ရရှိသွားပါတယ်။

လွန်ခဲ့တဲ့လအတွင်း Los Angeles မြို့ နေရာအတော်များများမှာ အကြီးအကျယ် တောမီးလောင်ကျွမ်း ရာက မီးဘေးသင့်သူတွေလည်း ဒီနှစ်ဂီတဆုပေးပွဲမှာ ပါဝင်ခဲ့ကြတာပါ။ ဆုပေးပွဲအတွင်းမှာလည်း မီးသတ်သမားတွေကို ဂုဏ်ပြုအစီအစဉ်တွေနဲ့ ရန်ပုံငွေဆုဆောင်းတာတွေလည်း ပါဝင်ခဲ့ပါတယ်။

 ဂရမ်မီဆုပေးပွဲမှာ တနှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆု Beyoncé ရရှိ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG