သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဂရမ်မီဆုအတွက် Eminem တစ်ပြေး


Rap အဆိုတော် Eminem။ ဇန်နဝါရီ ၃၁၊ ၂၀၁၀။
Rap အဆိုတော် Eminem။ ဇန်နဝါရီ ၃၁၊ ၂၀၁၀။

ဂရမ်မီ (Grammys) တေးဂီတ ဆုရှင်တွေအဖြစ် ရွေးချယ်ဖို့ အမည်စာရင်း တင်သွင်းလိုက်တဲ့ စာရင်းထဲမှာ Rap ဂီတအကျော်အမော် Eminem ဟာ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ကြေညာလိုက်တဲ့ အထဲမှာ နာမည်ကျော် Rap တေးဂီတ ပညာရှင်ရဲ့ အယ်လ်ဘမ်ဖြစ်တဲ့ Recovery ပြန်လည် နာလန်ထူလာခြင်းကိုတော့ တနှစ်လုံး အကောင်းဆုံး တေးအယ်လ်ဘမ် အဖြစ်နဲ့၊ သူရေးသားပြီး နာမည်ကျော် ပေါ့ပ်ဂီတ အဆိုတော် Rihanna ရဲ့ I Love the Way You Lie မင်းညာနေတဲ့ ပုံကို ချစ်တယ် ဆိုတဲ့ သီချင်းကတော့ တနှစ်အတွင်း အကောင်းဆုံး သီချင်းနဲ့ အယ်လ်ဘမ်တွေအဖြစ် အပါအဝင် စုစုပေါင်း အမည်စာရင်း ၁၀ နေရာ ထည့်သွင်းထားတာပါ။

သူ့နောက်မှာတော့ ပေါ့ပ်အဆိုကျော် Bruno Mars က ဂရမ်မီ အမည်စာရင်းမှာ ၇ ခုနဲ့ ကျန်ဂီတသမားတွေ ဖြစ်ကြတဲ့ Jay-Z, Lady Antebellum နဲ့ Lady Gaga တို့ကတော့ ၆ ခုစီ အသီးသီး စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

အမည်စာရင်း သွင်းထားတဲ့ အထဲက အချေအတင်ဖြစ်စရာ ဂီတသမား တဦးကတော့ အဆိုတော် Cee Lo ဖြစ်ပြီး Expletive You ဒါမှမဟုတ်ရင်လည်း Forget You မင်းကိုမေ့ပြီ ဆိုတဲ့ သူ့ရဲ့သီချင်းကို တနှစ်လုံးအတွက် အကောင်းဆုံး သီချင်းနဲ့ အယ်လ်ဘမ်အဖြစ် ထည့်သွင်းထားတာပါ။

ဆုတွေကိုတော့ လာမယ့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အမေရိကန် တနိုင်ငံလုံး တိုက်ရိုက်ထုတ်လွှင့် ပြသမယ့် ၅၃ ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲအတွင်း ခေါင်းစဉ်အသီးသီး အောက်မှာ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG