သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိ အစိုးရဝန်ထမ်း ၃သောင်း အလုပ်ပြုတ်ဖွယ်ရှိ


ဂရိ အစိုးရဝန်ထမ်း ၃သောင်း အလုပ်ပြုတ်ဖွယ်ရှိ
ဂရိ အစိုးရဝန်ထမ်း ၃သောင်း အလုပ်ပြုတ်ဖွယ်ရှိ

ဂရိနိုင်ငံမှာ လာမယ့်နှစ်ကုန်ကျရင် အစိုးရဝန်ထမ်း ၃ သောင်း အလုပ်ဖြုတ်ပစ်မယ့် အစီအစဉ်အပါအဝင် ၂၀၁၂ ခုနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းမူကြမ်းကို ဂရိဝန်ကြီးအဖွဲ့က အတည်ပြုပေးလိုက်ပါပြီ။ ဘယ်သူတွေ အလုပ်ဖြုတ်ခံရမှာလဲဆိုတာ အပါအဝင် အစီအစဉ်အသေးစိတ်ကိုတော့ အရာရှိတွေက မထုတ်ပြန်ပါဘူး။

ရသုံးမှန်းခြေ ငွေစာရင်းတခုလုံးကိုတော့ ဒီကနေ့ တနင်္လာနေ့မှာ လွှတ်တော်ကို ပေးပို့မှာဖြစ်ပါတယ်။ ဂရိနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေပြမှုဟာ ဒီနှစ် ပြည်တွင်း စုစုပေါင်း ထုတ်ကုန်တန်ဖိုးရဲ့ ၈.၅ ရာခိုင်နှုန်းကို ရောက်တော့မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ကပဲ ကြေညာခဲ့လို့ ဥရောပသမဂ္ဂ (EU) နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတ်မှတ်ပေးထားတဲ့ ၇.၆ ရာခိုင်နှုန်း ထက်ပိုများသွားပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနက အရင်ကသတ်မှတ်ထားတာဟာ ၂၀၁၂ ခုနှစ်အတွက် လိုငွေက ၆.၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ စီးပွားရေးဆုတ်ယုတ်မှုက မှန်းထားတာထက် ပိုဆိုးနေလို့ အခုလိုဖြစ်ရတာလို့ ဘဏ္ဍာရေးဝန်ကြီး ဌာနက ပြောပါတယ်။

မနှစ်က သူတို့ကို စီးပွားရေး ထောက်ပံ့ကူညီရေးအတွက် ပေးထားတဲ့ငွေထဲက တချို့တဝက်ပြန်ဆပ်ဖို့ ဒေါ်လာ သန်း ၁ သောင်းရရှိဖို့ အသုံးစရိတ်လျှော့ချပြီး အခွန်တိုးကောက်နေပါတယ်ဆိုတာ ပြသနိုင်ဖို့ တော်တော်ကြီး ကြိုးစားနေရတာဖြစ်ပါတယ်။

XS
SM
MD
LG