သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိကမ်းခြေ ဒုက္ခသည် ထောင်နဲ့ချီ ဆိုက်ရောက်


ဂရိနိုင်ငံ အေသင်မြို့နားက Piraeus ဆိပ်ကမ်းကို ရွှေ့ပြောင်းဒုက္ခသည် တထောင်ကျော် အင်္ဂါနေ့ ဒီကနေ့မှာ ရောက်ရှိလာပါတယ်။
ဂရိနိုင်ငံ အေသင်မြို့နားက Piraeus ဆိပ်ကမ်းကို ရွှေ့ပြောင်းဒုက္ခသည် တထောင်ကျော် အင်္ဂါနေ့ ဒီကနေ့မှာ ရောက်ရှိလာပါတယ်။

ဂရိနိုင်ငံ အေသင်မြို့နားက Piraeus ဆိပ်ကမ်းကို ရွှေ့ပြောင်းဒုက္ခသည် တထောင်ကျော် အင်္ဂါနေ့ ဒီကနေ့မှာ ရောက်ရှိလာကြပါတယ်။

ဒုက္ခသည်အများအပြားက Syria နဲ့ Afghanistan နိုင်ငံတို့က ဖြစ်ပြီး အခုဆိပ်ကမ်းကိုတော့ ဂရိကျွန်းတွေဖြစ်ကြတဲ့ Chios နဲ့ Lesbos တို့ကနေလာကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီ UNHCR ရဲ့ အပြောအရဆိုရင် ဒီဇင်ဘာလအတွင်း ဂရိနိုင်ငံကို ရောက်ရှိတဲ့ ဒုက္ခသည်အရေအတွက်က အရင်ကထက်နည်းသွားပါတယ်။ အရင်လက ရောက်ရှိတဲ့ ဒုက္ခသည်အရေအတွက်က တသိန်းခွဲကျော်ပြီး အခုလမှာ ၉ သောင်းကျော်ပဲရှိပါတယ်။

ဒီနှစ်အစောပိုင်းကစပြီး ဂရိနိုင်ငံကို ရောက်ရှိတဲ့ ဒုက္ခသည်စုစုပေါင်း ၈ သိန်း ခွဲ လောက်ရှိသွားပါပြီ။ Italy နိုင်ငံမှာတော့ Sicily ရေလက်ကြားကို ရော်ဘာလှေလေးတွေနဲ့ ကူးဖြတ်လာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ရေပြင်မှာ အခက်အခဲကြုံကြရလို့ အီတလီကမ်းခြေစောင့်တပ်က ကယ်ယူခဲ့ရပါတယ်။

ခရစ္စမတ်သီတင်းပတ်အတွင်းမှာ ကယ်ယူမှုပေါင်း ၂၈ ခု ပြုလုပ်ခဲ့ရပြီး ဒုက္ခသည်ပေါင်း ၃၀၀၀ ကို ကယ်တင်နိုင်ခဲ့ပါတယ်။ဒီဇင်ဘာ ၂၈ ရက်နေ့ ကတော့ ဒုက္ခသည် ၁၀၀၀ နီးပါးကို Libya ကမ်းရိုးတန်းကနေ နော်ဝေးသင်္ဘောက ကယ်တင်လာခဲ့ပါတယ်။ သူတို့ကိုလည်း ခရစ္စမတ်ရက်ပိုင်းအတွင်းမှာ ၄ ခေါက်ခွဲပြီး ကယ်တင်လာခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်သားက ပြောပါတယ်။

XS
SM
MD
LG